331-332

2K 361 14
                                    


Chapter(331)
အင်ပါယာလက်ထပ်ထိမ်းမြားခွင့်အမိန့်စာ(1)

အမှန်တရားက ဘာဘဲဖြစ်ပါစေ မွန်းစတားကလန်၏ဧကရာဇ်က လက်ထပ်ပြီးသားဆိုတာကတော့ ရှောင်လွှဲလို့မရဘူး။ ဝူရုန်က မွန်းစတားကလန်၏ဧကရာဇ်နှင့် စကားပြောလိုက်ကတည်း သူက ထပ်ပြီး ပေါ်မလာတော့ဘူး။ဝူဇူကလည်း နောက်ပိုင်းမ တဖြည်းဖြည်း ပြန်ပြီး ပြုံးလာပြီဖြစ်တယ်။ဝူချွင်ချင်နှင့် ဂေါင်တုန်က ဝူဇူက ပုံမှန်ပြန်ဖြစ်လာတဲ့အတွက် အလွန်ပျော်ရွှင်နေကြတယ်။ဒါပေမဲ့ ဝူရုန်ကတော့ ဝူဇူက မွန်းစတားကလန်၏ဧကရာဇ်နဲ့ ပြီးသွာပြီလို့ မထင်ဘူး။ဘာကြောင့်လဲဆိုတော့ တစ်စုံတစ်ယောက်ကို စိတ်ရင်းနှင့်အမှန်တကယ်ချစ်မိသွားရင် လက်လွတ်ဖို့ ခက်ခဲတာကြောင့်ဖြစ်တယ်။

လေလံတင်တဲ့နေ့မှာတော့ ဝူရုန်နှင့်ဟေးရွမ်ရီက စိတ်မဝင်စားတာကြောင့် သူတို့က လေလံရုံကို မသွားပါဘူး။ဝူရှိနှင့်ဝူချွင်ချင်ကလည်း ချွင်းချက်မဟုတ်ဘူး။ဒါ့ကြောင့် သူတို့ကလည်း အိမ်မှာဘဲ နေကြတယ်။ဟေးရွမ်ထန်နှင့် ရီကျဲက လေလံအိမ်ကို သွားခဲ့ပြီး အိမ်မှာနေဖို့ ပျင်းရိနေတဲ့ ဥပလေးကိုလည်း ခေါ်ဆောင်သွားတယ်။

ဥကလေးနှင့်ဟေးရွမ်ထန်က နေ့လယ်စာစားချိန်မှာတော့ ပျော်ရွှင်စွာ ဟေးအိမ်တော်ကို ပြန်လာခဲ့တယ်။

ဝူရုန်က သူတို့ရဲ့ပြုံးနေတဲ့မျက်နှာတွေကို ကြည့်ပြီး သူတို့လိုချင်တာကို ဝယ်လာခဲ့ပြီဆိုတာ သိလိုက်ပြီး မေးလိုက်တယ်"မင်းတို့က ဘာဝယ်ခဲ့ကြလဲ?"

"ငါ မင်းကို မပြောပြဘူး"ဟေးရွမ်ထန်က ဟန်လုပ်ချောင်းဟန့်လိုက်ပြီး ပြောလိုက်တယ်။

"သူက ဆံထိုးတစ်ချောင်းဝယ်ခဲ့တယ်"ဥကလေးက ဒီလိုနဲ့ သူ့ကိုရောင်းစားလိုက်တယ်။

"......."ဟေးရွမ်ထန်က သူ့ရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလေးကိုဟလိမ်ဆွဲလိုက်ပြီး ပြောလိုက်တယ်"မင်းက ဒီလျို့ဝှက်ချက်ကို ငါ့ကိုထိန်းသိမ်းပေးမယ်လို့ ကတိပေးခဲ့တယ်လေ။ဒါပေမဲ့ မင်းက ငါ့ကို မင်းပါးပါးမေးတာနဲ့ ရောင်းစားလိုက်တယ်။ငါက မင်းဦးလေးဟုတ်လား မဟုတ်ဘူးလား?ငါ မင်းကို မုန့်ဝယ်ကျွေးခဲ့တာ မင်းမှတ်မိသေးရဲ့လား?မင်း အဲဒါကို မေ့လိုက်တာလား?"

COTAW(unicode)Where stories live. Discover now