Chapter(110)A
သူ့ရဲ့ညီငယ်ကလာလည်ခြင်း(1)ဥကလေး၏ချစ်စရာကောင်းတဲ့မျက်နှာသည်ဒေါသတွေနဲ့ပြည့်လာပြီးပြောလိုက်တယ်"ငါ့မှာနင့်လိုအသက်အရွယ်နဲ့ညီလေးမရှိဘူး။ငါ့ရဲ့ပါးပါးကနင့်လိုအသက်ကြီးတဲ့သားကိုမွေးဖို့မဖြစ်နိုင်ဘူး"
ဖြတ်သွားဖြတ်လာလုပ်သည့်လူတွေကကလေး၏ငြင်းခုံစကားကိုကြား တော့ရယ်လိုက်ကြသည်။အဒီအချိန်မှာဘဲအဖြူရောင်ဝတ်စုံနှင့်လှပသည့်လူငယ်ကရောက်လာကာပြောလိုက်သည်။
"ဥကလေး ဘာဖြစ်လို့လဲ?"
ဥကလေးကဝူရုန်ရဲ့အသံကိုကြားတာနဲ့ကြည့်လိုက်ပြီးအော်ခေါ်လိုက်တယ်"ပါးပါး"
ကြည့်ကောင်းသည့်လူငယ်သည်ဒီအချိန်မှုခဏကြောင်သွားတာကိုဥကလေးကအခွင့်ရေးယူ၍ရုန်းထွက်လိုက်ပြီးဝူရုန်ထံကိုပြေး၍သွားဖက် လိုက်ပြီးခေါ်လိုက်တယ်။
"ပါးပါး"
ဝူရုန်ကဥကလေးကိုကောက်ချီလိုက်ပြီးကြည့်ကောင်းတဲ့လူငယ်ကိုပြောလိုက်တယ်။
"ဆာ ကျွန်တော့်သားကိုဘာလုပ်ဖို့ကြိုးစားတာဘာလဲ?"
"မင်းရဲ့သား"ကြည့်ကောင်းတဲ့လူငယ်ကအံ့သြသွားတယ်။
"တောင်းပန်ပါတယ်။ကျွန်တော့်တို့သခင်ကတစ်စုံတစ်ယောက်နဲ့လူမှားသွားလို့ပါ။ကျွန်တော်တို့ကဘဲကိုယ်စားတောင်းပန်ပါတယ်"လူငယ်၏နောက်မှာရှိနေတဲ့ကိုယ်ရံတော်တော်တွေကတောင်းပန်လိုက်တယ်။
အဲဒီနောက်မှာတော့သူတို့ကကွတ်ခူးကိုတစ်ချက်ကြည့်လိုက်ပြီးနောက်ကြည့်ကောင်းတဲ့လူငယ်ကိုဆွဲခေါ်ပြီးထွက်သွားလိုက်တယ်။
ဝူရုန်ကဥကလေး၏ညစ်ပေနေတဲ့အဝတ်အသားကိုသုတ်ပေးလိုက်ပြီး မေလိုက်တယ်"အဆင်ပြေရဲ့လား?"
ဥကလေးကခေါင်းခါပြလိုက်တယ်။
"တကယ်လို့နောက်တစ်ခါဘယ်သူကဘဲသားကိုအဲဒီလူလိုမျိုးသားကိုလာလုပ်ရင်အနားမှာရှိတဲ့လူကြီးတွေကိုအကူအညီတောင်းရမယ်။ပြောတာနားလည်လား?"ဝူရုန်ကပြင်းပြင်းထန်ထန်ပြောလိုက်တယ်။
"အွင်း"ဥပလေးကနာခံစွာနဲ့ခေါင်းငြိမ့်လိုက်တယ်။
"ဒါဆိုဒီနေ့ပုံပြင်နားထောင်ရတာကဘယ်လိုလဲ?"ဝူရုန်ကပြုံးပြီးမေးလိုက်တယ်။