213-214

3.3K 656 9
                                    


Chapter(213)
ဝူယန်လီ(1)

နောက်တစ်နေ့မနက်မှာ ဝူရုန်နှင့်ဟေးရွမ်ရီက မနက်စာစားပြီးနောက် လက်ဆောင်တစ်ချို့နှင့်အတူ ထွက်လာကြတယ်။ဝူရှိက ဝူချန်လွီထံမှာ ပညာသင်ဖို့သွားတာကြောင့် သူတို့နှင့်အတူ မလိုက်ပါခဲ့ဘူး။

သူတို့ဝူအိမ်တော်ကိုရောက်တော့ ဝူချွင်ချင်က ပြဒါးရောင်ဝင်ပေါက်ကိုကြည့်ပြီး မျက်မှောင်ကြုတ်ပြီးပြောလိုက်တယ်"ဒီနေရာမှာ ထပ်ပြီးမကောင်းတာတွေ မဖြစ်ဖို့မျှော်လင့်ရတာဘဲ"

သူဒီနေရာကို ရောက်လာတိုင်းမှာ ဖိအားကိုခံစားရပြီး ဒါကသူ့ကိုသက်သောင့်သက်သာမဖြစ်စေဘူး။

ဝူရုန်နှင့်ဟေးရွမ်ရီက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ပြီး ဘာမှမပြောကြဘူး။

အိမ်တော်ထိန်းက သူတို့ကဂရန်းမစ္စတာရဲ့ဧည့်သည်ဆိုကတည်းက သူတို့ကို အပြုံးကြီးကြီးနှင့်လာရောက်ကြိုဆိုတယ်။ဝူချန်ဇီက သူတို့ကိုအထူးဖိတ်ခေါ်ခဲ့ကတည်းက ဝူရုန်ကလည်း သူ့ဘိုးဘေးကိုအရင်သွားတွေ့ဖို့ဆုံးဖြတ်လိုက်တယ်။

ဝူရုန်က သူ့ရဲ့ဘိုးဘေးစီကို တိုက်ရိုက်သွားချင်ပေမဲ့ သူ့ရဲ့အဆင့်က သာမန်မျှတာဖြစ်တာကြောင့် သူ့ရဲ့ခြံဝင်းကအလွန်ဝေးတဲ့နေရာမှာတည်ရှိတယ်။ဒါကြောင့်သူတို့ခြံဝင်းမှာ အစောင့်တွေ အစေခံတွေ အများကြီးမရှိဘဲ သူနှင့်သူ့ဇနီးကအသင်၂၀၀ကျော်တဲ့အထိနေနိုင်တာကိုက ပျော်ရွှင်စရာကောင်းတဲ့ အရည်အချင်းဖြစ်နေပြီ။

သူတို့ရဲ့ကျင့်ကြံဆင့်က အရမ်းမမြင့်ကတည်းက အသက်၂၀၀ကျော်ထိနေနိုင်ဖို့ဆိုတာမလွယ်ကူဘူး။ဒါကဘဲဘာကြောင့် သူတို့ရဲရုပ်ပိုင်းဆိုရာသွင်ပြင်က အလွန်အိုမင်းနေသလဲဆိုတာဖြစ်တယ်။သူတို့ရဲ့ဆံပင်တွေက မီးခိုးရောင်ပြောင်းနေပြီး သူတို့ရဲ့မျက်နှာပေါ်က အရည်ပြားတွေကလည်းတွန့်နေပြီဖြစ်ပြီး သူတို့ကအမြင်အာရုံလည်းမကောင်းတော့သလို သူတို့ကလမ်းလျှောက်တဲ့အချိန်မှာလည်း တုန်ရီနေပြီး သူတို့ရဲ့ဘဝအဆုံးသတ်ကို ရောက်ချိန်နီးနေပြီမှန်းသိသာတယ်။

အရင်ဘဝတုန်းက ဝူရုန်ရဲနောက်ဆုံးအချိန်အထိ ဒီစုံတွဲကအသက်ရှင်နေဆဲဖြစ်တယ်။

COTAW(unicode)Where stories live. Discover now