Chapter(95)

5.1K 1.1K 15
                                    

Chapter(95)အိမ်မက်ဆိုး

ဝူအန်းရီသည် ခေါင်းကိုဆက်ခနဲလှည့်လိုက်ပြီး အတင်းပြောနေတဲ့လူတွေကိုလှည့်ပြီးပြောလိုက်တယ်။

"မင်းတို့က မင်းတို့ခြံဝင်းကလူတွေကိုရော လူကောင်းတွေလို့ထင်နေတာလား?ဒီလိုဆိုရင် ငါတို့ခြံဝင်းက ဂျူနီယာစီက သတိုးသမီးတင်တောင်းလက်ဆောင်တွေကို ယူတုန်းက သူတို့ကလည်းခွဲယူမှာ မဟုတ်ဘူး။မင်းတို့သူများကို မပြောခင် ကိုယ့်ကိုကိုယ်အရင်ကြည့်သင့်တယ်။မင်းတို့ကိုယ်မင်းတို့ လူကောင်းတွေလို့ထင်နေတာလား?"

ကျောင်းသူ ကျောင်းသားတွေသည် မျက်နှာနီရဲလာပေမဲ ဘာမှတော့ပြန်မပြောရဲကြဘူး။အမှန်တရားကတော့ သူတို့ရဲ့အဖေတွေ အဘိုးတွေကလည်း ယူထားတာကြောင့်ဖြစ်တယ်။

ဝူယုသည် ဒီနေရာမှာဆက်ပြီးမနေချင်တော့တာကြောင့် ထွက်လာခဲ့ပြီး ယုထန်းပေါင်တို့ကို သွားရှာလိုက်တယ်။

ယုထန်းပေါင်တို့သည် သူတို့အရက်မူးနေသည့်အချိန် မပြောသင့်တာကိုပြောမိခဲ့တာကြောင့် ဝူယုကို ငိုယိုပြီးတောင်းပန်လိုက်တယ်။

"သခင်လေးယု ကျွန်တော်တို့က အမှားလုပ်မိပါတယ်။ကျွန်တော်က မနေ့တုန်းက အရက်မူးနေလို့ ဝူဇူရောက်လာတာကို မသိဘဲ မပြောသင့်တာကို ပြောမိပါတယ်။တောင်းပန်ပါတယ်။ဒီလိုမှန်းသိရင် ကျွန်တော်က သူတို့ချိန်းတာကို မလာပါဘူး"ယုထန်းပေါင်က ငိုပြီးပြောလိုက်တယ်။

"ထန်းပေါင် မင်းဘဲ ငါတို့ကိုခေါ်လို့ ငါလာတာလေ။အခုတော့ ဘယ်လိုတွေ ပြောနေတာလဲ?"ပန်ဖန်က ပြောလိုက်တယ်။

"မင်းကို ငါခေါ်လိုက်တာ ဟုတ်လား?မဟုတ်ဘူး။ငါက ရှောင်လင်က ငါ့ကိုခေါ်လို့ ငါလာခဲ့တာ"ယုထန်းပေါင်က ပြောလိုက်တယ်။

ဝူယုသည် တစ်ခုခုမှားနေတယ်လို့ ခံစားရတာကြောင့် ယုထန်းပေါင်ကို မေးလိုက်တယ်။

"ယုထန်းပေါင် မင်းက ဘာလို့ဇန်းယန်းစားသောက်ဆိုင်ကို လာခဲ့တာလဲ?"

"မနေ့တုန်းက ရှောင်လင်ရဲ့အစေခံက ရှောင်လင်က ငါ့ကိုမတွေ့တာကြာလို့ ဇန်းယန်းစားသောက်ဆိုင်မှာ တွေ့ကြဖို့ လာပြောတာ။ဒါကြောင့် ငါလာခဲ့တာဘဲ"ယုထန်းပေါင်က ပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now