257-258

2.8K 565 7
                                    

257-258
Chapter(257)
လေလံအိမ်

"နှုတ်ဆက်ပါတယ် ကြီးကြပ်ရေးမှူး"

လူငယ်က တစ်ချက်သာကြည့်လိုက်ပြီး အရှေ့ကို ဆက်လျှောက်သွားတယ်။

ဝူရုန်က လူငယ်ကို အနီးကပ်မြင်လိုက်တော့ အံ့အားသင့်သွားတယ်။သူက အသံကိုနိမ့်လိုက်ပြီး ဟေးရွမ်ရီကို မေးလိုက်တယ်"သူက အဘိုးက ကျွန်တော့်ရဲ့မင်္ဂလာလက်ဆောင်ကို လာပို့တဲ့ခိုင်းလိုက်တဲ့ လူမဟုတ်လား?"

"အင်း"ဟေးရွမ်ရီကလည်း ဒါကို သတိပြုမိတယ်။

"သူက ဘာကြောင့် ဒီမှာရှိနေတာလဲ?ပြီးတော့ သူက အနက်ရောင်ဈေးရဲ့ ကြီးကြပ်ရေးမှူးတောင် ဖြစ်နေတယ်။ဒါက ကျွန်တော့်ရဲ့အဘိုးကလည်း ဒီနေရာမှာ ရှိနေတာဖြစ်နိုင်လား?"ဝူရုန်က သိချင်သွားတယ်။

"သူက မင်္ဂလာလက်ဆောင်ကို လာပို့တဲ့အချိန်တုန်းက သူက မင်းအဘိုးရဲ့ကိုယ်စား လာပို့ပေးတယ်လို့ ပြောခဲ့တယ်။ဒါပေမဲ့ သူက မင်းအဘိုးထံမှာ အလုပ်လုပ်တယ်လို့တော့ မပြောခဲ့ဘူး။ဖြစ်နိုင်တာတော့ သူကမင်းအဘိုးကိုယ်စား လက်ဆောင်လာပို့ရုံဘဲဖြစ်နိုင်တယ်"

"ဒါလည်းဟုတ်တာဘဲ"

"ဒါပေမဲ့ ဒီလိုမဟုတ်ဘဲ မင်းအဘိုးက ဒီမှာရှိနေတာလည်း ဖြစ်နိုင်တယ်"

"......."ဝူရုန်

သူ့အဘိုးက ဒီမှာရှိနေရင်တောင် သူတို့က တစ်ယောက်ကို တစ်ယောက်မှတ်မိမှာမဟုတ်ဘူး။

ဟေးရွမ်ရီက သူ့လက်ကို ကိုင်လိုက်ပြီး ပြောလိုက်တယ်"ကိုယ်တို့က ဒီမှာ ညမနက်ခင်အချိန်အထိဘဲ နေလို့ရတယ်။ကိုယ်တို့က ဘယ်ဝယ်ချင်သလဲဆိုတာ လိုက်ကြည့်ရအောင်"

"အင်း"ဝူရုန်က ပြုံးပြီးပြောလိုက်တယ်။သူက ဆေးခန်းကို ကြည့်လိုက်ပြီး" ဘာစီက ဒီကိုလာပြီး သူ့ရဲ့လိင်တံကို လာကုတယ်လို့ခင်ဗျား ထင်လား?"

ဖြစ်ကျက်ခဲ့သမျှ ပုံစံအရတော့ ဒါက ဖြစ်နိုင်ချေအရှိဆုံးဘဲ။

"ဒါကဖြစ်နိုင်ပါတယ်။ကိုယ်ကြားတာတော့ အနက်ရောင်ဈေးက သမားတော်တွေက ခက်ခဲရှုပ်ထွေးတဲ့ ရောဂါကို ကုသနိုင်တယ်တဲ့"

COTAW(unicode)Where stories live. Discover now