Chapter(128+129+130)

5.2K 926 7
                                    

အရှက်မဲ့သောချစ်ဇနီး
Chapter(128)
သူတို့ကကျွန်တော့်ကိုအတူတူအနိုင်ကျင့်နေတယ်

ဝူရုန်ကညစာစားတဲ့အချိန်မှာတော့ဥကလေးနဲ့ကျင်းရှင်ကိုမတွေ့ပါဘူး။ဒါပေမဲ့သူပြောနိုင်တာကသူတို့ကသုံးရက်တိတိအစားမစားမအိပ်ရဘဲတရားထိုင်ရမှာဖြစ်တယ်။တကယ်လို့ဒီလိုမလုပ်ဘူးဆိုရင်တော့    နောက်ထပ်သုံးရက်ထပ်တိုးပြီးအပြစ်ပေးခံရမှာဖြစ်တယ်။

ဟေးရှင်းကဥကလေးကိုသနားနေမိတယ်။ဒါပေမဲ့ဝူရုန်ကတော့ဥကလေးအတွက်သနားညှာတာပေးဖို့တောင်းဆိုဖို့ရည်ရွယ်ချက်မရှိဘူး။ဘာကြောင့်လဲဆိုတော့တရားထိုင်တာကကလေးအတွက်ကောင်းတာကြောင့်ဖြစ်တယ်။ပြီးတော့ကျင်းရှင်ကိုလည်းဒီလိုမျိုးအပြစ်ပေးမှသာသူကနောက်ဆိုဒီလိုမျိုးကျိုးကြောင်းမဆင်ချင်ဘဲပြသနာမရှာတော့မှာဖြစ်တယ်။

"တကယ်ကဲငါ့ရဲ့တူလေးကိုအပြင်မထွက်ခိုင်းဘူးလား?"ဟေးရွမ်ထန်ကပြောပြီးဝက်နံရိုးတစ်တုံးကိုကောက်ယူဖို့လုပ်လိုက်တယ်။ဒါပေမဲ့သူကထိရုံဘဲထိရသေးတယ်ဝူရုန်ကအရင်ကောက်ယူသွားတယ်။

သူကနောက်တစ်တုံးထပ်ယူဖို့လုပ်လိုက်ပေမဲ့လည်းဝူရုန်ကထပ်ပြီယူသွားပြန်တယ်။ဟေးရွမ်ထန်ကဝူရုန်ကိုသုန်မှုန်စွာကြည့်လိုက်တယ်။

ဝူရုန်ကဘာမှမလုပ်ခဲ့သလိုမျိုးဟေးရွမ်ရီရဲ့ပန်းကန်ထဲကိုနံရိုးတစ်တုံးကိုထည့်ပေးလိုက်ပြီးပြောလိုက်တယ်"ရွမ်ရီ ခင်ဗျားရဲ့ခန္ဓာကိုယ်ကိုအာဟာရပြည့်ဝအောင်ပိုပြီးစားသင့်တယ်။ဒါမှနောက်ဆိုတစ်စုံတစ်ယောက်ကခင်ဗျားကသေတော့မယ်ဆိုပြီးကျွန့်တော်ရှေ့မှာလာမငိုမှာ"

"......."ဟေးရွမ်ရီ

"......."ဟေးရွမ်ထန်နားလည်လိုက်တာကဝူရုန်ကအစောတုန်းကဖြစ် ပျက်ခဲ့တာကိုပြောနေတာဘဲ။

"မရီး ကျွန်တော်ကမင်းကကျွန်တော့်အကိုကြီးကိုတကယ်ဘဲဂရုစိုက် သလားဆိုတာသိချင်လို့လုပ်လိုက်တာပါ"

"ဒီတော့ဘယ်လိုမြင်လဲ?"ဝူရုန်ကရဲ့အပြုအမူကရပ်သွားပြီးပြောလိုက်တယ်။

အမှန်တကယ်ကိုထင်ရှားနေတာကသူကဟေးရွမ်ထန်ရဲ့လှည့်စားမှု    ကြောင့်သူကတကယ်ဘဲဟေးရွမ်ရီကိုဂရုစိုက်တယ်ဆိုတာသိလိုက်ရတယ်။သူကအရင်ဘဝတုန်းကဟေးရွမ်ရီကိုမုန်းတီးခဲ့တာကြောင့်ဒါကတကယ်ကိုထူးဆန်းတယ်လို့ခံစားရတယ်။

COTAW(unicode)Where stories live. Discover now