Chapter(184+185)

3.5K 683 8
                                    


Chapter(184)
ဝန်ကြီးချုပ်၏မွေးနေ့ဧည့်ခံပွဲ(5)

ဝူရုန်က စိတ်ရှုပ်နေသေးပုံပေါ်နေတာကြောင့် ဂေါင်တုန်က ရှင်းပြလိုက်တယ်"အဲဒါက ဝန်ကြီးချုပ်လေ့ကျင့်တဲ့လျှို့ဝှက်ပညာရပ်ဖြစ်တယ်။ကံကောင်းတဲ့လူတစ်ချို့ကကသာ အဲဒါကိုမြင်နိုင်တယ်"

သူမက"လျှို့ဝှက်ပညာရပ်"လို့ပြောတဲ့အချိန်မှာ အသံကိုအလေးထားပြီး ဖိပြီးပြောလိုက်တယ်။အဲဒီနောက်မှာ သူမကကောင်းကင်ကို မော့ကြည့်လိုက်ပြီး စကားလမ်းကြောင်းလွှဲလိုက်တယ် "အခုနေ့လည်ခင်းကိုရောက်နေပြီ။ငါတို့နေ့လယ်စာစားဖို့အချိန်မရောက်သေးဘူးလား"

"ငါဗိုက်ဆာလာပြီ။ဖြစ်နိုင်သမျှ စောစောစားရဖို့မျှော်လင့်တယ်"ဝူရှိသည် သူမရဲဗိုက်ကိုပွတ်ပြီးပြောလိုက်တယ်"ရထားလုံးပေါ်က အစာသွပ်မုန့်တွေအားလုံးကို စားရရင်ကောင်းမယ်"

ဝူရုန်က သူ့အတွေးကမာ္ဘထဲမှာဘဲနှစ်မြှုပ်နေတာကြောင့် ဂေါင်တုန်က ဝူရှိကိုအနီးအနားက ဥယျာဉ်ထဲမှာပန်းတွေကို ကြည့်ဖို့ဆွဲခေါ်သွားတယ်။

ဝူရုန်သည် သူ့အမေက လျှို့ဝှက်ပညာရပ် ဆိုတဲ့နေရာမှာ ဘာကြောင့်ဖိပြီးပြောသွားလဲဆိုတာ မတွေးတတ်တော့ဘူး။ဒီလျှို့ဝှက်ပညာရပ်ဆိုတာက သူနှင့်ဆက်နွယ်မှုရှိနေတာဖြစ်နိုင်လား?

သူက ပိုပိုပြီးတွေးနေမိတယ်။ဘာကြောင့်သူတစ်ယောက်ထဲက ရွှေရောင်အလင်းတန်းတွေကို မြင်ခဲ့ရတာလဲ?

ဒါပေမဲ့ ဘယ်လျှို့ဝှက်ပညာရပ်က ဝူချန်ဇီ၏ခန္ဓာက်ိုယ်က ရွှေရောင်အလင်းတန်းတွေကို မြင်နိုင်ရတာလဲ?ပြီးတော့ အရင်ဘဝတုန်းက သူဘာကြောင့်ဒီလိုမျိုးမမြင်ဖူးရတာလဲ?

ဝူရုန်က သူပိုင်ဆိုင်တဲ့လျှို့ဝှက်ပညာရပ်ခြောက်မျိုးအကြောင်းကို တွေးလိုက်တယ်။ဒါပေမဲ့အဲဒီထဲက ဘယ်ဟာကမှ လူ့ခန္ဓာကိုယ်ပေါ်က ရွှေရောင်အလင်းတန်းတွေကို မြင်ရဖို့ဆိုတာမဖြစ်နိုင်ဘူး။နောက်ဆုံးမှာတော့ သူက အရိပ်သူခိုးအကြောင်းကိုတွေးမိသွားတယ်။

ဒါက  အရိပ်သူခိုးကြောင့်ဖြစ်နိုင်လား?

သူ့အမေကသူ့ကိုတစ်ခါပြောခဲ့ဖူးတာက တခြားလူတွေရဲ့ကျွမ်းကျင်တဲ့ ပညာရပ်တွေကို ကြည့်ပြီးသူ့ရဲ့ကိုယ်ပိုင်ပညာရပ်တွေကို တိုးတက်အောင်လုပ်ဖို့ပြောခဲ့ဖူးတာကို သတိရသွားတယ်။

COTAW(unicode)Where stories live. Discover now