241-242

2.8K 561 13
                                    


Chapter(241)
သူတောင်းစား(1)

အဆိပ်ပြင်းမြွေလွတ်သွားတာနှင့် ဝူဝေ့ရွယ်ထံကို တိုက်ရိုက်ဘဲလျှောတိုက်လာခဲ့တယ်။

အဆိပ်ပြင်းမြွေသည် ဝူဝေ့ရွယ်ဖမ်းတာကို ခံခဲ့ရကတည်းက သူကအမျိုးမျိုးနှိပ်စက်ညှင်းပမ်းမှုတွေကို ကြုံခဲ့ရတယ်။ဝူဝေ့ရွယ်က မျက်နှာပျက်စီးစေတဲ့ အရည်ကိုဖော်ဖို့အတွက် သူ့တံတွေးကို အားသုံးပြီး အများကြီး ထုတ်ယူခဲ့တာကြောင့် သူ့သွေးတွေတောင် ပါခဲ့တယ်။ဒါကြောင့် မြွေကဝူဝေ့ရွယ်ကို အလွန်မုန်းတယ်။ဒီအချိန်က သူ့အတွက်ဒီမိန်းမကို သတ်ပစ်ဖို့ အကြီးမားဆုံးအခွင့်အရေးဘဲ။

ဝူဝေ့ရွယ်ရဲ့မျက်နှာက ဖြူရော်သွားပြီး သူကမြွေကို တိုက်ခိုက်ဖို့ အတွက်မှော်လက်နက်ကို ထုတ်ယူပြီး ရှန်းကျီယောင်းကို အော်လိုက်တယ်"အမေ အမေ သမီးကို ကယ်ပါ"

သူမက ဒီမြွေကို ဖမ်းဖို့ လူအများကြီး သုံးခဲ့ရတာဖြစ်တယ်။ပြီးတော့ သူမကလွှဲပြီး ကျန်တဲ့သူအားလုံးက သေသွားခဲ့တာဖြစ်တယ်။

မြွေက ဝူဝေ့ရွယ်က အကူအညီခေါ်နေတာကို တွေ့တော့ သူကဝူဝေ့ရွယ်ဆီကို တိုက်ရိုက်ဘဲ ခုန်လိုက်တယ်။

ဝူဝေ့ရွယ်က ကြောက်လန့်သွားပြီး လျှင်မြန်စွာ မှော်လက်နက်နဲ့ကာဖို့ လုပ်လိုက်တယ်။

မြွေက သူမရဲ့တိုက်ခိုက်မှုကိုရှောင်ရှားလိုက်ပြီး သူ့ရဲ့ပါးစပ်ကို ဖွင့်ပြီး သူမရဲ့မျက်နှာကို ကိုက်လိုက်တယ်။

ဝူဝေ့ရွယ်က အကာအကွယ်မှော်လက်နက်ကို ထုတ်ဖို့လုပ်လိုက်တဲ့ အချိန်မှာဘဲ ရုတ်တရက် လူတစ်ယောက်က သူမရဲ့ပခုံးကို ချုပ်ကိုင်ပြီး မြွေတည့်တည့်မှာ ရပ်နေစေလိုက်တယ်။

မြွေက သူမရဲ့မျက်နှာကို ပြင်းပြင်းထန်ထန်ကိုက်လိုက်ပြီး အသားစပါသွားတဲ့ အချိန်မှ လွတ်ပေးလိုက်တယ်။

ဝူဝေ့ရွယ်က နာကျင်စွာနဲ့ သူမရဲ့ပခုံးကို ချုပ်ကိုင်ထားတဲ့ သူကို ကြည့်လိုက်တယ်။သူမက သူမမြင်ရတာကို မယုံနိုင်ဘူး။ဒါက သူမကလေးဘဝကတည်းက ချစ်ခင်အလိုလိုက်ခဲ့တဲ့ သူမအဘိုးဖြစ်နေတယ်။

COTAW(unicode)Where stories live. Discover now