Chapter(90)

5.3K 1.1K 14
                                    

Chapter(90)အရာရာတိုင်းက ဘေးအန္တရာယ်တွေကိုညွှန်ပြနေတယ်

"အဲဒီမကောင်းတဲ့သူက ဘယ်သူလဲဆိုတာ သိလား?"ဝူဇူက မေးလိုက်တယ်။

ဟေးရှင်းသည် သူ့ရဲ့လက်ချောင်းတွေနှင့် တွက်ချက်လိုက်ပြီးနောက် ပြောလိုက်တယ်"ကျွန်တော်က ဘယ်သူလဲဆိုတာ မပြောနိုင်ဘူး။ဒါပေမဲ့ သင်ကိုယ်တိုင် ရှာဖွေနိုင်လိမ့်မယ်"

"ဘယ်လိုလုပ်ပြီးတော့လဲ?ကျွန်တော် မသိဘူး"ဝူဇူက ပြောလိုက်တယ်။

"ဒီနေ့ညနေခြောက်နာရီမှာ ဂိုလင်းမြို့ရဲ့လူအစည်ကားဆုံးလမ်းမကြီးကို သွားလိုက်။အဲဒီမှာ တစ်ခုခုသိနိုင်လိမ့်မယ်လို ကျွန်တော်ခန့်မှန်းထားတယ်"ဟေးရှင်းက ကြေးပြားတွေကိုကြည့်လိုက်ရင်း ပြောလိုက်တယ်။

ဝူချွင်ချင်တို့သည် ဝူဇူကိုစိုးရိမ်နေတာကြောင့် ထမင်းတောင်ကောင်းကောင်းမစားနိုင်ဘူး။နောက်ဆုံးတော့ ခြောက်နာရီထိုးခါနီးအချိန်ကိုရောက်လာတယ်။

"အဖေ အမေ ရှိအာ ဒီမှာဘဲစောင့်နေလိုက်။ကျွန်တော်က သူဘယ်သူလဲဆိုတာ သွားရှာလိုက်မယ်။တွေ့မှပြန်လာခဲ့မယ်"ဝူဇူက ပြောလိုက်တယ်။

"ကောင်းပြီ တွေ့အောင်ရှာလာခဲ့။ပြသနာမရှာလာနဲ့"ဝူချွင်ချင်က ပြောလိုက်တယ်။

ဝူချွင်ချင်သည် ဝူဇူနှင့်လိုက်သွားပြီး ရှာချင်ခဲ့တာဖြစ်တယ်။ဒါပေမဲ့ ဟေးရှင်းည် ဝူဇူတစ်ယောက်ထဲသွားမှသာလျှင် ရှာတွေ့နိုင်တယ်လို့ပြောခဲ့တာဖြစ်တယ်။

"ဟုတ်"

ဝူဇူထွက်သွားပြီးနောက် ဂေါင်တုန်သည် ဆုတောင်းလိုက်တယ်"ကောင်းကင်ဘုံရှိ ဗုဒ္ဓမြတ်စွာဘုရား ကျေးဇူးပြုပြီး အဲဒီလူကိုရှာတွေ့အောင် ဝူဇူကို ကူညီပေးပါ"

ဝူရုန်က ဘာမှမပြောပါဘူး။

ဝူဇူသည် လူစည်ကားတဲ့လမ်းမကိုရောက်တဲ့အခါ နှင်းတွေကကျဆင်းနေသည့်အချိန်ဖြစ်လို့ လူအများကြီးတော့ မရှိဘူး။ဝမ်းစာရေးအတွကိ ဈေးရောင်းနေသည့် ဈေးသည်တွေနှင့် ပျော်ပါးသောက်စားသည့် ငွေဖြုန်းတတ်သည့်သူဌေးသားတစ်ချို့သာရှိတယ်။

COTAW(unicode)Where stories live. Discover now