Chapter(29+30)

6K 1K 12
                                    

Chapter(29)ကျွန်တော်ကအလေးချိန်ပိုတိုးလာတယ်

နောက်တစ်နေ့မနက် ဝူရုန်နှင့်ဟေးရွမ်ရီသည် မနက်စာစားပြီးနောက် ဝူရုန်က ဟေးရွမ်ရီကို ရှိဇာပြဇာတ်ရုံကိုသွားဖို့ ဖိတ်ခေါ်ခဲ့တယ်။

သူတို့ရထားလုံးပေါ်ထိုင်ပြီးသည့်အခါ ဝူရုန်က သူ၏ဝမ်းဗိုက်သည် တင်းကျပ်လာပြီး အသက်ရှူရခက်ခဲလာတာကြောင့် သူက ရုတ်တရက်ကြီး သူ့ခန္ဓာကိုယ်က ပိုပြီးကြီးလာတယ်ဟု ခံစားရတယ်။

ဟေးရွမ်ရီသည် ဝူရုန်၏အရစ်အရစ်ဖြစ်နေတဲ့ ဝမ်းဗိုက်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီသည် သူ့ကိုစိုက်ကြည့်နေတာကို သတိထားမိတာကြောင့် သူ့ကိုယ်သူ ရယ်လိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်က အလေးချိန်ပိုတိုးလာတယ်"

ဟေးရွမ်ရီသည် ဝူရုန်၏ခါးပတ်ပတ်ထားသည့် တင်နေသည့်ဝမ်းဗိုက်ကို ကြည့်ပြီးပြောလိုက်တယ်"အဲဒီနေရာကို နှိပ်လိုက်"

ဝူရုန်သည် သူ၏ခန္ဓာကိုယ်ကို ကြိုးစား၍သက်သာစေရန် လုပ်ဆောင်ပေမဲ့ သူက မအောင်မြင်ပါဘူး။

ဝူရုန်သည် ခဏလောက်နေား၍ ထပ်မံပြီး အမောတကော ကြိုးစားပေမဲ့ မသက်သာပါဘူး။ဝူရုန်သည် သူ့ကိုယ်သူ အာရုံစိုက်နေတာကြောင့် ဟေးရွမ်ရီက သူ့ကို စိုက်ကြည့်နေတာကို သတိမထားမိပါဘူး။ဟေးရွမ်ရီ၏မျက်လုံးထဲမှာတော့ ဝူရုန်သည် လုံးလုံးကစ်ကစ် ပန်ဒါတစ်ကောင်နှင့် တူနေပါတယ်။သူက ဝူရုန်ကို ပွတ်ပေးချင်သည့် စိတ်ဖြစ်ပေါ်လာတယ်။

COTAW(unicode)Where stories live. Discover now