Chapter(178+179)

3.8K 744 8
                                    

Chapter(178)
ဝူချန်လွီ(1)

ဟေးရွမ်ရီသည် ဝူရုန်က နာကျင်နေတဲ့ပါပီလေးလို ခေါင်းငိုက်စိုက်ကျနေတာကြောင့် ဝူရုန်၏ခံစားချက် နာကျင်သွားတာကို နားလည်လိုက်တယ်။သူက ဝူရုန်ကို သူ့လက်မောင်းထဲဆွဲသွင်းပြီး နှစ်သိမ့်ပေးလိုက်တယ် "ကိုယ်က ကွဲပြားတယ်။ကိုယ် ကိုယ့်ဘိုးဘိုးကြီးစီက အမွေလက်ခံရရှိခဲ့တာ။အချိန်တိုအတွင်းမှာ ကိုယ်အဆင့်ကိုးအထိရောင်အောင် လေ့ကျင့်ဖို့ဆိုတာမဖြစ်နိုင်ဘူးလေ"

ဝူရုန်က ဟေးရွမ်ရီသည် သူ့ရဲ့ကိုယ်ရေးကိုယ်တာအကြောင်းကိုပြောပြလာတာကြောင့်အံ့သြသွားပြီးပြောလိုက်တယ် "ဘာ!ခင်ဗျား ခင်ဗျားရဲ့ဘိုးဘိုးကြီးစီက စွမ်းအင်တွေအားလုံးကိုရရှိခဲ့လား?ပြီးတော့ အဲဒီစွမ်းအင်တွေအားလုံးကို တစ်ကြိမ်ထဲနှင့် ရရှိခဲ့တာလား?"

ဘယ်သူမဆို တစ်ကြိမ်မှာစိတ်စွမ်းအင်ဖြည့်တင်းဆေးအနည်းငယ်ကိုသာ အသုံးံပြုနိုင်ပြီး တကယ်လို့အလွန်အကျွံ သုံးစွဲလိုက်မယ်ဆိုရင် သူ့ခန္ဓာကိုယ်သည် လက်မခံနိုင်ဘဲပေါက်ကွဲသွားမှာဖြစ်တယ်။ဒါကဘဲ တစ်ကြိမ်မှာစိတ်စွမ်းအင်ဖြည့်တင်းဆေးတစ်ပြားကိုသာ သောက်သုံးရပြီး နောက်ထပ်လအနည်းငယ်ကြာမှသာ နောက်တစ်ကြိမ်သောက်သုံးနိုင်မည်ဖြစ်တယ်။ပြီးတော့ သူက နောက်တစ်ကြိမ်မသောက်သုံးခင်အချိန်ကြားထဲမှာ သူကသူ့ရဲ့ကျင့်ကြံမှုကို အခြေခိုင်အောင် ကောင်းကောင်းလေ့ကျင့်ရမှာဖြစ်တယ်။တကယ်လို့အဲဒီလိုမလုပ်ထားဘူးဆိုရင်တော့ မင်းက ကျင့်ကြံဆင့်ချင်းတူနေရင်တောင် တစ်ဖက်လူကိုယှဉ်နိုင်မှာမဟုတ်ဘူး။ဒါက ဘာကြောင့်ကျင့်ကြံဆင့်ချင်းတူနေရင်တောင် ဆေးဝါးအကူအညီနှင့် ချိုးဖြတ်ထားတဲ့သူက မသာတာလဲဆိုတာဖြစ်တယ်။

"ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာကြံခိုင်မှု အထူးကောင်းမွန်တယ်"

"ခင်ဗျားရဲ့ဘိုးဘိုးကြီးစီက ဘယ်ကျင့်ကြံဆင့်အထိ လက်ခံခဲ့တာလဲ?"ဝူရုန်က မေးလိုက်တယ်။

"ကိုး"

"တကယ်လို့သူ့စီက ကိုးဆိုရင် ခင်ဗျားမှာအရင်ကရှိနေတာနဲ့ဆိုရင် ကိုးထက်ကျော်ရမှာပေါ့။ကျွန်တော်ပြောတာဟုတ်တယ်မလား?ဒါဆိုခင်ဗျားက အဆင့်တစ်ဆယ်ရဲ့အထက်ကိုရောက်ရမှာ မဟုတ်လား?ဒါပေမဲ့ကျွန်တော် ဘယ်တုန်းကမှ အဆင့်တစ်ဆယ်ဆိုတာတောင် မကြားဖူးဘူး"

COTAW(unicode)Where stories live. Discover now