Chapter(49+50)

5.6K 969 5
                                    

Chapter(49)နိမိတ်ဆိုး

နတ်ဘုရားတွေကို ဖိတ်ခေါ်ပြီး မေးမြန်းသည့်အချိန်တွင် အမွှေးနံ့သာတိုင်သုံးတိုင်လုံးက ကုန်ဆုံးအောင်လောင်ကျွမ်းသွားမယ်ဆိုရင် နောက်နှစ်မှာ ကောက်ပဲသီးနှံပေါကြွယ်ဝပြီး အရာရာတိုင်းကောင်းချီးပေးခံရမယ်။တကယ်လို့ အမွှေးနံ့သာတိုင်တွေက ကျိုးသွားမယ်ဆိုရင် ဘေးအန္တရာယ်ကျရောက်လိမ့်မယ်လို့ ဆိုလိုတာဖြစ်တယ်။

လွန်ခဲ့သောဆယ်နှစ်လောက်က ဝူပုဖန်က နတ်ဘုရားတွေကို မေးမြန်းသည့်အချိန်တုန်းက အမွှေးနံ့သာနိုင်တစ်တိုင်က ကျိုးသွားခဲ့တယ်။နောက်တစ်နှစ်မှာတော့ ဂိုလင်းမြို့အပါအဝင် ဆယ်မိုင်အကွာက မြို့တွေက မိုးခေါင်ရေရှားမှုကြောင့် မြေဆီလွှာပျက်စီးလာပြီး အပင်တွေလည်း သေဆုံးခဲ့သည်။စိုက်ပျိုးမြေတွေကိုလည်း ကျိုင်းကောင်တွေအများအပြားကျရောက်ခဲ့ပြီး ကောက်ပဲသီးနှံတွေက ပျက်စီးသွားခဲ့တယ်။အဆိုးဆုံးကတော့ အဲဒီနှစ်မှာ ငရဲပြည်ဝင်ပေါက်ပွင့်သွားပြီး မကောင်းဆိုးဝါးဝိညာဉ်တွေက လူသားကမ္ဘာကို ဝင်ရောက်လာပြီး လူသားတွေကို ထိခိုက်နာကျင်စေပြီး သေဆုံးခဲ့တယ်။

အဲဒီနှစ်မှာ အမွှေးနံ့သာတိုင်တစ်တိုင်သာကျိုးခဲ့ပေမဲ့ လူပေါင်းသောင်းချီ၍သေဆုံးခဲ့သည်။အခုချိန်မှာ အမွှေးနံ့သာတိုင်သုံးတိုင်လုံး ကျိုးသွားတာကြောင့် ဘယ်လိုဘေးအန္တရာယ်တွေက ရောက်ရှိလာမှာလဲ?

လူတိုင်းက ကြောက်ရွံ့ထိတ်လန့်လာတယ်။

ဝူရုန်က အမွှေးနံ့သာတိုင်တွေကျိုးသွားတာကို မြင်သည့်အခါ မျက်မှောင်ကြုတ်လိုက်တယ်။

COTAW(unicode)Where stories live. Discover now