Chapter(149+150+151+152)

4.9K 878 16
                                    

အရှက်မဲ့သောချစ်ဇနီး
Chapter(149)
ဝူမိသားစုကိုခွဲခြားဖို့(3)

ယိုစုရန်သည်သူမရဲ့ကလေးတွေကနေ့စဉ်နေ့တိုင်းခိုက်ရန်ဖြစ်ပွားတာကိုကြည့်ပြီးသူမကဝမ်းနည်းရတယ်။ဒါကြောင့်သူမကအကြီးအကဲတွေရဲ့လွမ်းမိုးမှုအတိုင်းသဘောတူလိုက်ပြီးပြောလိုက်တယ်"ကျွန်မတို့လက်ထပ်ပြီးတာနှစ်ပေါင်းများစွာရှိပေမဲ့ကျွန်မကအခုချိန်ထိရှင်ဘာတွေကိုတွေးနေလဲဆိုတာမသိဘူး။ဒါပေမဲ့ကျွန်မခန့်မှန်းမိတာတစ်ခုတော့ရှိတယ်"

"ဝူမိသားစုဆိုတာရှင့်အတွက်အရာရာဖြစ်တယ်ဆိုတာကျွန်မသိတယ်။ရှင်ကဝူမိသားစုကိုကြီးမားတိုးတက်သန်မာစေပြီးအင်ပါယာမြို့တော်ကဝူကလန်ထက်အရာရာမှာစွမ်းအားရှိအောင်သာလွန်ချင်တယ်ဆိုတာကျွန်မသိတယ်။ဒါပေမဲ့အခုချိန်မှာဘာတွေဖြစ်နေလဲဆိုတာနားလည်ရမယ်။တကယ်လို့ရှင်ကအခုချိန်မှာဘာမှမလုပ်ဘူးဆိုရင်ဝူမိသားစုကအပိုင်းပိုင်းပျက်စီးသွားလိမ့်မယ်။ဒါဆိုရင်ရှင်နောင်တရလိမ့်မယ်"

ဝူပုဖန်ကသူမကိုပြင်းပြင်းထန်ထန်စိုက်ကြည့်လိုက်ပေမဲ့သူကိုယ်တိုင်ကလည်းဒီလိုမျိုးတွေးနေတာဖြစ်ပြီးလက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ထားလိုက်တယ်။

ယိုစုရန်ကဆက်လက်ပြီးပြောလိုက်တယ်"ရှင်လည်း လွန်ခဲ့ခြောက်လလောက်ကတည်းကဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာမြင်နေတာဘဲ။ဒါတွေကကျွန်မတို့မိသားစုကိုလုံးဝပျက်စီးသွားအောင်လုပ်တောင်နိုင်တယ်။ကျွန်တို့ကမိသားစုကိုမပျက်စီးသွားစေချင်ဘူးဆိုရင်ကျွန်မတို့ကသူတို့ကိုထွက်သွားခိုင်းဖို့လိုအပ်တယ်။ဒီနှစ်ကုန်လို့ကျွန်မတို့အားလုံးခြုံသွားပြီဆိုရင်ကျွန်မတို့အားလုံးကအတူတူပြန်နေလို့ရပြီ"

"မင်းပြောချင်တာကိုငါနားလည်တယ်။ဒါပေမဲ့ငါတို့ကသူတို့ကိုထွက်သွားခိုင်းလိုက်ရင်တောင်ပျက်စီးခြင်းကြုံရခြင်းကမလွတ်မြှောက်နိုင်ရင်ဘယ်လိုလုပ်မလဲ?ငါ့ရဲ့ကြီးကြပ်မှုကောက်မှာမရှိဘူးဆိုရင်ခြံဝင်းလေးခုကပိုပိုပြီးပြင်းထန်တဲ့ပြသနာတွေတက်လာနိုင်တယ်"ဝူပုဖန်ကသက်ပြင်းချပြီးပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now