Chapter(96)

5.4K 1.1K 31
                                    

Chapter(96)ပေးလိုက်

ဝူရုန်သည် အိမ်မက်ဆိုးကို စိတ်ထဲစွဲနေပြီး ဟေးရွမ်ရီက လောင်ကျွမ်းပြီးပျောက်ကွယ်သွားမှာကို ကြောက်နေမိတယ်။သူက ဟေးရွမ်ရီ၏မျက်ဝန်းထဲက ဝမ်းနည်းမှု နာကျင်မှု ကြောက်ရွံ့မှုတွေကို မြင်ခဲ့ရတာကြောင့် ကြောက်နေမိတာဖြစ်တယ်။

"ပါးပါး ဘာလို့ဖေဖေ့ကိုဘဲ ကြည့်နေတာလဲ?"ဥကလေးက ဝူရုန်ကို မေးလိုက်တယ်။

ဝူရုန်သည် မနက်အိပ်ရာထလာကတည်းက ဟေးရွမ်ရီကို ကြည့်နေတာဖြစ်တယ်။သူက မနက်စာစားနေတဲ့အချိန်မှာလည်း ကြည့်နေတာဖြစ်ပြီး ယခုရထားလုံးထဲကိုရောက်တဲ့အချိန်မှာလည်း စိုက်ကြည့်နေပြီး ဟေးရွမ်ရီကို ဘယ်တော့မှထပ်မမြင်ရတော့မှာ စိုးနေသလိုမျိုး ကြည့်နေတာဖြစ်တယ်။

ဝူရုန်သည် ဟေးရွမ်ရီ၏မျက်ဝန်းထဲက နူးညံ့မှုကိုမြင်မှ သတိပြန်ဝင်လာတယ်။

"ဘာလို့လဲ?သူက ငါ့ယောကျာ်းလေ။သူ့ကို ကြည့်ဖို့အကြောင်းပြချက်လိုသေးလို့လား?"ဝူရုန်က ကို့ယို့ကားယားနှင့်ပြောလိုက်တယ်။

"......"ဟေးရွမ်ရီ

"ဒါပေမဲ့ သားသားက ပါးပါးသားလေ။ပါးပါးက သားသားကို ပိုကြည့်သင့်တယ်"ဥကလေးက နှုတ်ခမ်းဆူပြီးပြောလိုက်တယ်။

"ဟုတ်ပါပြီ။အခုကစပြီး ပါးပါးက သားကိုဘဲပိုကြည့်တော့မယ်။ဟုတ်ပြီလား?"

ဝူရုန်သည် ဥကလေး၏ချစ်စရာကောင်းတဲ့မျက်နှာကို ဆွဲဖဲ့လိုက်ပြီး ပြုံးပြီးပြောလိုက်တယ်"ပါးပါးက ဝိတ်ကျသွားရင် သားကိုနေ့တိုင်းချီထားမယ်"

ဥကလေးသည် ဝူရုန်စီကို ပစ်ဝင်လာပြီး ဝူရုန်ကို ဖက်ထားလိုက်ပြီး သဘောကျစွာ တခစ်ခစ်ရယ်မောလိုက်တယ်။

"ကျွန်တော်တို့ ဘယ်ကိုသွားနေတာလဲ?"ဝူရုန်သည် ဟေးရွမ်ရီကိုကြည့်ပြီးမေးလိုက်တယ်။

"ကိုယ်တို့မနက်ပိုင်းမှာ ပွဲတော်ကျင်းပသည့်နေရာကို သွားမယ်။နေ့လည်ကျရင် ရေခဲပြင်စီးစွပ်ဖားလှည်းသွားစီးမယ်။ညကျရင် မီးအိမ်သွားလွှတ်မယ်"ဟေးရွမ်ရီက ပြောလိုက်တယ်။

COTAW(unicode)Where stories live. Discover now