218+219

2.9K 608 9
                                    


Chapter(218)
ကျိန်စာတိုက်ခံရတာဘဲ(1)

လက်ထောက်ကျန်းက မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်တယ်"ငါကမှားသွားတာလား?ငါအနောက်ခြံဝင်းကိုရောက်တော့ သူ့ရဲ့ဓားက သခင်မရဲ့ကိုယ်ပေါ်မှာရှိပြီး သူကလည်း ဘေးမှာလဲနေတယ်လေ။ပြီးတော့ ငါကအမဲရောင် ဝတ်စုံနဲ့လူတွေကို မေးတော့လည်း သူတို့က သူ့အမိန့်ကြောင့်လိုပြောခဲ့တာလေ"

ဝူရုန်က ပြောလိုက်တယ်"ဖြစ်နိုင်တာက ငါ့အဖေက သခင်မကြီးကို ကယ်ခဲ့လို့ သူ့ကိုအထင်လွှဲပြီး အပစ်ပေးခံရအောင်လုပ်တာဘဲ"

ဝူချန်ဇီက"ငါလည်း သဘောတူတယ်။ဒါကဝူမိသားစုနဲ့ ဗိုလ်ချုပ်ရန်ကို ရန်တိုက်ပေးချင်လို့ဘဲဖြစ်ရမယ်"

ဗိုလ်ချုပ်ရန်က အမိန့်ပေးလိုက်တယ်"လက်ထောက်ကျန်း ဒီလူတွေကို သေချာစစ်မေးလိုက်"

"ဟုတ် ဗိုလ်ချုပ်ကြီး"

လက်ထောက်ကျန်းက သူ့စကားကို ဆုံးအောင် မပြောရသေးခင်မှာဘဲ အမဲရောင် ဝတ်စုံနဲ့လူတွေက လဲကျသွားပြီး သူတို့ပါးစပ်တွေကလည်းသွေးအန်လာကြတယ်။

လင်းမိုဟန်ရဲ့ကိုယ်ရံတော်က ရှေ့တက်စစ်ဆေးလိုက်ပြီး ပြောလိုက်တယ်"အရှင့်သား သူတို့ အဆိပ်သောက်ပြီး သေသွားကြပြီ"

"ဒါက ကျွန်တော့်အဖေက အပြစ်ကင်းကြောင်းပြသပေးတာဘဲမဟုတ်လား?တကယ်လို့ သူကသာ ဗိုလ်ချုပ်ရန်တို့ မိသားစုကိုသတ်ချင်တယ်ဆိုရင် သခင်မကြီးကိုကယ်စရာအကြောင်းမရှိဘူးလေ"

"ဒါပေမဲ့ သူကအဲဒီအချိန်တုန်းက ဘာကြောင့် ဝူအိမ်တော်ထဲကိုကနေ ဒီဘက်ကို ရောက်လာရတာလဲ?"ရန်ရှန်းကမေးလိုက်တယ်။

ဝူရုန်ကပြောလိုက်တယ်"အဲဒီအချိန်တုန်းက ငါ့အဖေက သူ့ဘိုးဘိုးကြီးနေရာမှာရှိနေတာဘဲ။နံရံတစ်ဖက်ဘဲခြားတဲ့နေရာမှာလေ။ဖြစ်နိုင်တာက သူကတစ်ခုခုကို ကြားလို့လာရောက်ကူညီတာနေမယ်။ဒါပေမဲ့ မင်းတို့ကတော့ သူ့ကိုလုပ်ကြံသူလို့စွပ်စွဲတယ်"

"........"ရန်ရှန်း

ဒုတယမင်းသားက လင်းမိုဟန်ကိုကြည့်လိုက်ပြီး မေးလိုက်တယ်"အကိုတော်က ဒီလုပ်ကြံမှုရဲ့နောက်ကွယ်မှာ ဝူမိသားစုရှိနေတယ်လို့ထင်သေးလား?"

COTAW(unicode)Where stories live. Discover now