306-307

2.3K 440 2
                                    

306-307
Chapter(306)
ကျိန်စာကရှောင်ရှားလို့မရနိုင်ဘူး(1)

ဘုရားစေတီက ထန်းရှင်းနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ပထမဆုံးဧကရာဇ်က တည်ဆောက်ခဲ့တာဖြစ်ပြီး များပြားလှတဲ့ငွေကြေး ကုန်ကျခဲ့တာဖြစ်တယ်။၎င်းကိုတည်ဆောက်ဖို့ သမိုင်းမှာ အလွန်အကန်အကျများခဲ့ပြီး ၎င်းက လင်းဖူဘုရားကျောင်း၏သင်္ကေတတစ်ခုဖြစ်တယ်။၎င်းအတွင်းမှာ အမျိုးမျိုးသောတန်ဖိုးကြီးရတနာတွေ မှော်လက်နက်တွေနှင့် ရှေးတုန်းက ကျောင်းထိုင်ဘုန်းတော်ကြီးတွေရဲ့ဓာတ်တော်တွေ တည်ရှိနေတယ်။သို့သော်လည်း အခုချိန်မှာတော့ ၎င်းကမီးလောင်သွားပြီး ပြာဖြစ်သွားပြီ။ရတနာတွေရဲ့ခြောက်ဆယ်ရာခိုင်နှုန်းကိုသာ ကယ်ဆယ်နိုင်ခဲ့တယ်။မှော်လက်နက်တွေအများစုနှင့် ကျောင်းထိုင်တွေရဲ့ဓာတ်တော်တွေက ထိပ်ဆုံးမှာရှိနေတာကြောင့် ပြာအဖြစ်ကို လောင်ကျွမ်းသွားပြီ။မီးတောက်တွေရဲ့လောင်ကျွမ်းမှုကြောင့် မှော်လက်နက်တွေ၏စိတ်စွမ်းအင်တွေက မီးလောင်သွားပြီး မှော်လက်နက်တွေကို လွယ်လင့်တကူ လောင်ကျွမ်းသွားစေတာဖြစ်တယ်။

"ဘာဖြစ်သွားတာလဲ?ဘယ်သူက မီးရှို့လိုက်တာလဲ?"အကြီးအကဲထန်းမြောင်က သူ့ရဲ့ဆရာသခင်၏ဓာတ်တော်ကလည်း ဘုရားစေတီအတွင်းမှာ ရှိနေတာကြောင့် ကျယ်လောင်စွာ အော်လိုက်တယ်။

"......."ဝူချန်ဇီ

ဧည့်သည်ဆောင်ကို သန့်ရှင်းရေးတာဝန်ယူရတဲ့ ကိုရင်လေးက အလောင်းတွေကို လက်ညှိုးထိုးလိုက်ပြီး ပြောလိုက်တယ်"အကြီးအကဲထန်းမြောင် သူတို့က ဘုရားစေတီကို မီးရှို့တဲ့သူဘဲ"

အကြီးအကဲထန်းမြောင်က ဒီသတင်းကို ကြားတော့ တုန်လှုပ်သွားတယ်။သူတို့ကမီးရှို့တဲ့သူလား?ဒါပေမဲ့ သူက ဒီလူတွေကို ဘုရားကျောင်းကိုခေါ်ခဲ့တဲ့သူဘဲ။ဒါကဆိုလိုတာက သူ့ကိုဘဲ အပြစ်တင်ရမှာလို့ ဆိုလိုတာလား?တကယ်လို့ သူကသာ သူတို့ကို ဒီထဲကို မခေါ်ခဲ့ရင် ဒီလိုအဖြစ်အပျက်တွေက ဖြစ်လာမှာမဟုတ်ဘူး။

သူက လူစုလူဝေးကို ကြည့်လိုက်တယ်။ဘုန်းကြီးတွေအားလုံးက အလောင်းတွေကို စိုက်ကြည့်နေကြတယ်။အဲဒီနောက်မှာတော့ သူက လူစုထဲက ဝူချန်ဇီကို မြင်သွားတယ်။

COTAW(unicode)Where stories live. Discover now