342-343

1.9K 377 6
                                    


Chapter(342)
သွေးချင်းစပ်ယှက်မှု(1)

ဝူရှိက ဝူဝေ့ရွယ်ကို ကြည့်နေတာကို သတိထားမိသွားတယ်။

ဝူဝေ့ရွယ်က လှောင်လိုက်ပြီး ဝူယောင်းရှူတို့နှင့်အတူ ရှေ့တက်ပြီး သေဆုံးသူတွေကို ဒူးထောက်အရိုအသေပေးလိုက်တယ်။အဲဒီနောက်မှာတော့ သူတို့က ဝူချန်ဇီနှင့်အတူ ပြန်ထွက်သွားကြတယ်။

မကြာခင်မှာတော့ ဝူပုဖန်က ယိုစုရန် မုရှူဝမ် ဝူချွင်လီ ရန်လန်ယု ဝူချွင်တုန်တို့နှင့် သူတို့ကလေးတွေနှင့်အတူ ဈာပနကို ရောက်လာတယ်။

မကြာခင်မှာတော့ ရန်လန်ယုက ဝူရုန်ကိုမြင်တဲ့အချိန်မှာတော့ ငိုပြီး ရှေ့ကို ပြေးလာပြီးပြောလိုက်တယ်"ဝူရုန် မိမစစ်ဖမစစ် နင်က ငါ့သားကို သေအောင်လုပ်တဲ့သူတဲ့သူဘဲ"

ဟေးရွမ်ရီက သူမကို အကြင်နာမဲ့စွာ တွန်းထုတ်ပစ်လိုက်တယ်။

လူတိုင်းက ဒီအခြေအနေကြောင့် စိတ်ရှုပ်သွားတယ်။

"လန်ယု ရပ်စမ်း!"ဝူချွင်လီက ရှေ့တက်လာပြီး သူမကို တားဆီးလိုက်တယ်။

"ရပ်ရမယ်ဟုတ်လား?"ရန်လန်ယုက ဒေါသတကြီး ပြန်အော်လိုက်တယ်"နင်က ငါတို့သားကို သေအောင်လုပ်တဲ့သူကို အလွယ်တကူ လွတ်ပေးရမယ်လို့ ဆိုလိုတာလား?"

ဝူချွင်လီက ပြင်းပြင်းထန်ထန်ပြောလိုက်တယ်"မင်းက ရေးကြီးခွင်ကျယ်လုပ်ချင်တယ်ဆိုရင်လည်း မင်းက အခုဘယ်နေရာကို ရောက်နေလဲဆိုတာ အရင်ကြည့်အုန်း"

သူမက ဈာပနအလယ်မှာ ပြသနာရှာတယ်ဆိုရင် သူမက ကန်ထုတ်ခံလိမ့်မယ်။

ရန်လန်ယုက ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ခြံဝင်းထဲက လူတိုင်းက သူတို့ကို ပြသနာရှာနေတယ်ဆိုတဲ့ အကြည့်နဲ့ ကြည့်နေတာကို တွေ့လိုက်ရတယ်။

ဝူပုဖန်က မပျော်မရွှင် ပြောလိုက်တယ်"ရန်လန်ယု အခု အဘိုးရဲ့ဈာပနမှာ မင်းက ဘာလုပ်ချင်နေတာလဲ?"

"ကျွန်မ...."ရန်လန်ယုက လူတိုင်းရဲ့မနှစ်မြို့တဲ့ အကြည့်တွေကြောင့် အသံန်ိမ့်ပြီး ပြောလိုက်တယ်"ဝူရုန်က ကျွန်မသားကို သတ်တယ်"

COTAW(unicode)Where stories live. Discover now