291-292

2.5K 486 4
                                    


Chapter(291)
လောင်းကြေးပမာဏ(1)

အင်ပါယာအရှင်က ဆုချီးမြှင့်ပြီးတဲ့အချိန်မှာတော့ မိသားစုတွေက ဆုချီးမြှင့်ရမယ့်အချိန်ဖြစ်တယ်။

ဝူရုန်နှင့်အခြားသောကျင့်ကြံသူနှစ်ယောက်က အခြားလူတွေရဲ့မနာလို ဝန်တိုမှုတွေရဲ့အောက်မှာ ဝူမိသားစုရှိရာကို လျှောက်လာခဲ့တယ်။

ဝူရှူယနန်က ဝူရုန်ကို သတ်ပစ်ချင်လွန်းတာကြောင့် သူ့မျက်လုံးတွေက နီရဲနေပြီး ဒေါသအရမ်းထွက်နေတယ်။သူက ဒီအရှုံးသမားက သန်မာနေတာကို လျှို့ဝှက်ထားလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။စာရင်းသွင်းတုန်းကတောင် အဆင့်တစ်ပြိုင်ပွဲမှာ သွင်းခဲ့ပြီး အခုတော့ အဆင့်ခြောက်ကျင့်ကြံသူဖြစ်နေတယ်။စာရင်းသွင်းတဲ့နေ့တုန်းက ဝူရုန်က သူတို့ပြန်သွားမှ စာရင်းသွင်းတဲ့နေရာကို ပြန်လာပြီး ပြောင်းလဲခဲ့ဖြစ်မယ်။

ဘာလိုလဲဖြစ်ဖြစ် သူက ဝူရုန်ကို မုန်းတီးတယ်။

ဆုပေးခြင်း အခန်းအနားမှာ ခေါင်းဆောင်ဝူက ပြောလိုက်တယ်"မင်းတို့က ငါ့စီမှာ တောင်းဆိုမှုတစ်ခုလုပ်နိုင်တယ်။တကယ်လို့ အခုချိန်မှာ မင်းတို့က မစဉ်းစားရသေးရင် နောက်မှ ပြောလည်းရတယ်။ဒါျပမဲ့ နောက်နှစ်ပြိုင်ပွဲမတိုင်ခင် ပြောဖို့တော့ သတိရပေါ့။ငါပြောတာ နားလည်လား?"

အခြားကျင့်ကြံသူနှစ်ယောက်က ခေါင်းငြိမ့်လိုက်ပြီး"ကျွန်တော်တို့ သိပါပြီ"

ခေါင်းဆောင်ဝူက ဝူရုန်ကို မေးလိုက်တယ်"ဝူရုန် မင်းကရော"

"ကျွန်တော်က ဂရန်းမစ္စတာက လုပ်ပေးနိုင်တဲ့အရာကိုသာတောင်းဆိုချင်တယ်"ဝူရုန်က ပြောလိုက်တယ်။

ဝူချန်ဇီက ဝူရုန်က အင်ပါယာအရှင်ကို တောင်းဆိုတဲ့ကိစ္စသာဖြစ်လိမ့်မယ်လို့ ယူဆလိုက်တယ်။

"ဘာကိစ္စလဲ?အရင်ဆုံး မင်းပြောကြည့်လေ"ခေါင်းဆောင်ဝူက ဝူချန်ဇီကို ကြည့်ပြီးပြောလိုက်တယ်။

"ကျွန်တော်က အရှင်မင်းကြီးထံမှာတောင်းဆိုထားတဲ့ ကိစ္စကိုသာ ဂရန်းမစ္စတာထံမှာတောင်းဆိုချင်တယ်။ဒါကြောင့် ကျွန်တော်က ထပ်မပြောတော့ဘူး။တကယ်လို့ ဂရန်းမစ္စတာအတွက် ခက်ခဲတယ်ဆိုရင် ကျွန်တော်က နောက်မှ အခြားတစ်ခုကို တောင်းဆိုပါမယ်"

COTAW(unicode)Where stories live. Discover now