300-301

2.6K 450 3
                                    


Chapter(300)
အရိပ်သူခိုး(1)

ဝူချန်ဇီက သူရဲ့တာဝန်ပျက်ကွက်နေတဲ့အချိန်မှာ  အလွန်ကို သတိထားနေတယ်။သူက ဈာပနကျင်းပနေတဲ့အချိန်အတွင်းမှာ ဝူရုန်ကို ဆန့်ကျင်တဲ့ လုပ်ရပ်မျိုးလုပ်နိုင်ပေမဲ့ သူက အိမ်ထဲကနေ ထွက်တာတောင် ရှားပါးတယ်။သူက ဒီလိုလုပ်ခြင်းအားဖြင့် ဝူရုန်နှင့် လင်းမိုဟန်ရဲ့လုပ်ကြံမှုကနေ ရှောင်ရှားနေတယ်။

"အိမ်ရှေ့စံက စုန်းတစ်ယောက်ထံကနေ  အရှင်မင်းကြီးက သေဆုံးအောင် ပြုစားခံထားရတယ်ဆိုတာ အတည်ပြုခဲ့တယ်။ပြီးတော့ အရှင်မင်းကြီးကို  ပြုစားထားတာကို မချိုးဖြတ်နိုင်ရင် အရှင်မင်းကြီးက တစ်နှစ်လောက်ဘဲ အသက်ရှင်နိုင်တယ်"

"........"ဝူရုန်

သူက ဝူချန်ဇီကိုပထုတ်ဖို့ တစ်နှစ်သာ အချိန်ရတယ်။တစ်နှစ်ကြာပြီးလို့ အရှင်မင်းကြီးက သေဆုံးသွားရင် အိမ်ရှေ့စံနှင့်ဒုတိယမင်းသားကြား ပရမ်းပတာအခြေအနေတွေဖြစ်လာလိမ့်မယ်။

ဟေးရန်က အိမ်ရှေ့စံကို သတင်းသွားပို့ ပျောက်ကွယ်သွားတယ်။အဲဒီနောက်မှာတော့ လူနှစ်ယောက်က သူ့ရဲ့မြင်ကွင်းထဲမှာလျှောက်လာခဲ့တယ်။သူတို့က ဝူချွင်ချင်နှင့်ဟေးရွမ်ရီဖြစ်တယ်။

ဝူချွင်ချင်က သက်ပြင်းချလိုက်ပြီး ထိုင်လိုက်တယ်။

သူက ဝူချွင်ဟောင်က ဒီကိုလာတုန်းက နောက်မှာ ရှိနေခဲ့တာဖြစ်တယ်။သူက ဝူချွင်ဟောင်ကလသူနှင့်စကားပြောဖို့ လာမယ်ဆိုတာ ထင်နေပြီးသားဖြစ်တယ်။သူက ဝူချွင်ဟောင်နှင့် မျက်နှာချင်းဆိုင် စကားပြောဖို့ စီစဉ်ခဲ့ပေမဲ့ ဝူရုန်က ခွင့်မပြုခဲ့ဘူး။အကြောင်းပြချက်တစ်ခုက သူ့ကို တာဝန်မကျေတဲ့သားလို့ အထင်ရှိစေပြီး ပြသနာတွေဖြစ်လာမှာ စိုးတာကြောင့်ဖြစ်တယ်။ဒါ့ကြောင့် ဝူရုန်က သူ့ကို ဒီလိုလုပ်ဖို့ အကြံပြုခဲ့တာဖြစ်တယ်။ဝူချွင်ချင်က သူ့မိခင်ကိုဂရုမစိုက်ပေးနိုင်တာကြောင့် သူ့အမေနှင့်အတူနေဖို့ မလိုချင်ခဲ့ဘူး။ဒါပေမဲ့ ဒါကလည်း သူ့အမေက သူ့ဇနီးနှင့် ကလေးတွေကို ပြသနာတက်စေမှာ စိုးတာကြောင့်ဖြစ်တယ်။တကယ်လို့ သူက သူ့အမေကိုခေါ်ခဲ့ရင်တောင်  သူ့အမေက သူမလိုချင်တဲ့ မိသားစုတွင်းမှာ ရှုပ်ထွေးအောင် လုပ်လိမ့်မယ်။

COTAW(unicode)Where stories live. Discover now