Chapter(75+76)

5.9K 1.1K 22
                                    

Chapter(75)ငါမင်းကို ဘယ်လိုဖိသတ်မလဲစောင့်နေလိုက်(၂)

"ကိုယ်မင်းကို အဝတ်စားချွတ်ခိုင်းတုန်းက မင်းကဘာတွေကို တွေးနေတာလဲ?"ဟေးရွမ်ရီက မေးလိုက်တယ်။

ဝူရုန်က ထပ်မံရှက်သွေးဖျာလာပြီး ကို့ယို့ကားယားနှင့်ပြောလိုက်တယ်"ဘာမှမတွေးဘူး။အခုကပ်ပါးကောင်တွေကို ထုတ်ရအောင်"

"ကိုယ်က မင်းနဲ့အိပ်ချင်တယ်လို့ တွေးနေတာမလား?"ဟေးရွမ်ရီက ဒါကိုဘယ်လိုလုပ် လွယ်လွယ်နဲ့ကျော်သွားပေးရမှာလဲ?

"မဟုတ်ဘူး"ဝူရုန်က ငြင်းဆန်လိုက်တယ်။

"တကယ်ကိုဘဲ ကိုယ်က မင်းနဲ့အိပ်ချင်တယ်လို့တွေးနေတာမလား?"ဟေးရွမ်ရီ၏နှုတ်ခမ်းထောင့်တွေက ကော့တက်သွားတယ်။

ဝူရုန်က ရှက်ရွံ့၍ဒေါသထွက်လာပြီး ကို့ယို့ကားယားနှင့်ပြောလိုက်တယ်"ကျွန်တော်ရေချိုးတဲ့အချိန်တုန်းက ရှိယန်တို့က ပွင့်ဖတ်တွေနဲ့အမွှေးနံ့သာတွေကို စီစဉ်ထားတယ်။ပြီးတော့ ရှိယန်က ခင်ဗျားကို ကျွန်တော်က အိပ်ရာပေါ်မှာ အလုပ်အကျွေးပြုရမယ်လို့ပြောတယ်။ဒါကို ခင်ဗျားကဘယ်သူ့ကို အပြစ်တင်ချင်နေတာလဲ?ဒါက ဟေးရှင်းရဲ့စိတ်ကူးဖြစ်လိမ့်မယ်။ပြီးတော့ သူက ခင်ဗျားက ကျွန်တော်နဲ့အိပ်ချင်နေတယ်လို့ ပြောသေးတယ်"

ဝူရုန်ရဲ့ရှက်ရွံ့ဒေါသထွက်နေပြီး ကို့ယို့ကားယားနှင့် ရှင်းပြနေပုံကိုကြည့်ပြီး ဟေးရွမ်ရီ၏နှုတ်ခမ်းထောင့်တွေက ကော့တက်သွားတယ်။

"မပြုံးနဲ့ ထပ်ပြီးပြုံးရင် ကျွန်တော်က ခင်ဗျားကို ဖိသတ်ပစ်မယ်"ဝူရုန်က သူ၏ခန္ဓာကိုယ်ကို ဟေးရွမ်ရီပေါ်ကို ဖိချလိုက်ပြီး ပြောလိုက်တယ်။ဟေးရွမ်ရီသည် ဝူရုန်၏ခန္ဓာကိုယ်အလေးကြီးကြောင့် ညည်းသံတောင်ထွက်လာတယ်။

"......"ဟေးရွမ်ရီ

အိုး..သေပြီ...တကယ်ကိုလေးတာဘဲ!

ဝူရုန်က ဟေးရွမ်ရီမျက်မှောင်ကြုတ်နေတာကို ကြည့်ပြီးပြုံးပြီးပြောလိုက်တယ်"ကြောက်ပြီလား?"

"ကိုယ့်ပေါ်ကဆင်းတော့"ဟေးရွမ်ရီက ပြောလိုက်တယ်။

"မဆင်းဘူး"

COTAW(unicode)Where stories live. Discover now