304-305

2.4K 443 6
                                    


Chapter(304)
၎င်းကမျက်စိကျိန်းအောင်တောက်ပလွန်းတယ်(1)

လူတိုင်းက ဝူရုန်ကို ကြည့်လာတယ်။

ဝူရုန်က တောက်ပစွာပြုံးလိုက်ပြီး ပြောလိုက်တယ်"ကျွန်တော်ရဲ့ဘဝမှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို အနီးကပ်ကြည့်ရှူခွင့်ရတာကြောင့် စိတ်လှုပ်ရှားနေတာပါ။ပြီးတော့ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့စိတ်စွမ်းအင်ကိုတောင် ခံစားမိသေးတယ်။အခြားသူကျင့်ကြံသူတွေဆို သူတို့တစ်ဘဝလုံး ၎င်းကိုမြင်ဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး"

"ဒါကအမှန်ဘဲ။ကမာ္ဘပေါ်မှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့ မှော်လက်နက်တွေက အများကြီးမရှိဘူး။ကျုပ်ကနှစ်ပေါင်းသုံးရာလောက် အသက်ရှင်နေထိုင်ခဲ့ပေမဲ့ ကျုပ်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်သုံးခုရှိတယ်ဆိုတာကိုသာကြားဖူးတယ်။တစ်ခုကတော့ မင်းတို့အခု မြင်နေရတဲ့'ဗုဒ္ဓ မှော်လက်နက်'ဘဲ။အခြားနှစ်ခုကတော့ အခြားနိုင်ငံတွေမှာရှိတယ်။ကျုပ် အဲဒါတွေကို မြင်တောင်မမြင်ဖူးဘူး"

"ဒါဆို ခင်ဗျားပြောတာက ကမာ္ဘပေါ်မှာ ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်(၃)ခုရှိတာလား?"ဝူရုန်ကမေးလိုက်တယ်။

"ဒီထင်ပိုပြီးရှိတာလည်း ဖြစ်နိုင်တယ်။အခုချိန်ထိ ကျုပ်တို့က ဘယ်မှာရှိမှန်းမသိတာလဲဖြစ်နိုင်တယ်"

"ကျွန်တော်က ၎င်းကို ထိလို့ရလား?"ဝူရုန်ကမေးလိုက်တယ်။

"မင်းထိလို့ရပေါ့"ကျောင်းထိုင်ဘုန်းတော်ကြီးက ပြောလိုက်တယ်။

ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်က ကျိုးပဲ့လွယ်တဲ့အရာမဟုတ်ဘူး။ဒါ့ကြောင့် ဝူရုန်က ထိလို့ရတယ်။

ဝူရုန်က ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို သူ့လက်နှစ်ဖက်နှင့် ကိုင်လိုက်ပြီး မေးလိုက်တယ်"ကျွန်တော်က ဒါကို ပြတင်းပေါက်က နေရောင်အောက်မှာ ကြည့်လို့ရလား?"

ကျောင်းထိုင်ဘုန်းတော်ကြီးက ခေါင်းငြိမ့်လိုက်တယ်။

ဝူရုန်က ပြတင်းပေါက်ရှိရာကို လျှောက်သွားလိုက်ပြီး ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်ကို နေရောင်အောက်မှာ ထားကြည့်လိုက်တယ်။ရွှေရောင်ကြာပန်းပေါ်ကို နေရောင်တွေက ဖြတ်သန်းသွားပြီး  ကောင်းကင်ဘုံနှင့်သက်ဆိုင်တဲ့မှော်လက်နက်က သန်းချီတဲ့ရွှေရောင်အလင်းတန်းတွေက အလင်းပြန်လာပြီး မှော်လက်နက်ကနေတစ်ဆင့် အလင်းတန်းတွေက ကောင်းကင်ပေါ်ကို တက်သွားတယ်။၎င်းက လှပပြီး မျက်စိကျိန်းလောက်အောင် တောက်ပလွန်းတယ်။ဒါပေမဲ့ အလင်းတန်းတွေက တောက်ပလွန်းတာကြောင့် တိုက်ရိုက်ကြည့်လို့ မကောင်းဘူး။ဒါကြောင့် လူတိုင်းက သူတို့ရဲ့မျက်လုံးတွေကို စောင်း၍သာ ကြည့်ကြတယ်။

COTAW(unicode)Where stories live. Discover now