Chapter(82)

5.6K 990 9
                                    

Chapter(82)သူကကြင်နာတတ်တယ်

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ဦးလေးချွင်ဘင်က ငွေပြားနှစ်သန်းတန်မစ်ရှင်တစ်ခုရခဲ့တယ်။ဇူအာ မင်းကတော့ သိမှာမဟုတ်ဘူး။ဘာလို့လဲဆိုတော့ ဦးလေးချွင်ချင်ရဲ့စိတ်စွမ်းအင်နယ်မြေက...."ဝူယုသည် ခဏလောက်ရပ်လိုက်ပြီးမှ ဆက်ပြောလိုက်တယ်။

"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက ပြဇာတ်ရုံပျက်စီးသွားတာကို တောင်ဘက်ခြံဝင်းက အလျှော်ပေးရတယ်။ဒါကြောင့် ငွေကြေးမလုံလောက်တာကြောင့် ခြံဝင်းတစ်ခုရဲ့အစေခံတွေကို ပေးဖို့ငွေကြေးမရှိတော့ဘူး။ပြောရမယ်ဆိုရင် မင်းတို့စူချင်ခြံဝင်းက အစေခံတွေကိုပေးဖို့ လစာမရှိတော့ဘူး။မင်းတို့စူချင်ခြံဝင်းမှာလည်း မင်းနဲ့ရှိအာကဘဲ စိတ်စွမ်းအင်ရှိတာလေ။ဒါကြောင့် မင်းတို့က ဒီမစ်ရှစ်လုပ်ဖို့လိုတယ်။ဒါပေမဲ့ ရှိအာက အရမ်းငယ်သေးတယ်။ဒါကြောင့် မင်းက ဒီမစ်ရှင်လုပ်သင့်တယ်။ဒီမစ်ရှင်ကို မင်းလက်ခံလိုက်ရင် ငွေလည်းရမယ်။မင်းရဲ့ကျွမ်းကျင်မှုလည်းတိုးတက်လာနိုင်ပြီး အတွေ့အကြုံလည်းရနိုင်တယ်။မင်းက ဒီမစ်ရှင်ကို လေ့ကျင့်ရေးအတွက် ကြိုလေ့ကျင့်တယ်လို့ သဘောထားလိုက်ပေါ့"

ဝူရုန်က စိတ်ထဲကနေလှောင်ရယ်လိုက်တယ်။ဘယ်လိုလုပ်ပြီး သူ့ဦးလေးက ဝူဇူကိုငွေပြားလေးသိန်းပေးမှာလဲ?

ဝူဇူသည် မျက်မှောင်ကြုတ်လိုက်တယ်။သူဖခင်ဒဏ်ရာရကတည်းက စူချင်ခြံဝင်းသည် ငွေအနည်းကိုသာရရှိခဲ့တယ်။သူက တာဝန်တွေကို လက်ခံပြီးငွေရှာချင်ပေမဲ့ သူ့အဖေက ခွင့်မပြုပေးခဲ့ဘူး။

ဝူရှိက နှုတ်ခမ်းဆူပြီးပြောလိုက်တယ်"ငါလည်းလိုက်ချင်တယ်"

သူမကလည်း မိသားစုအတွက်ငွေရှာပေးချင်တယ်။

"ဘာမစ်ရှင်လည်းဆိုတာ ငါတို့ကိုပြောပြပါလား?"ဝူရုန်က မေးလိုက်တယ်။

"ကောင်းပြီ"ဝူယုက အသံတိုးတိုးနဲ့ပြောလိုက်တယ်။

"ငါတို့က မွန်းစတားတစ်ကောင်ကို ဖမ်းရမှာ။ငါက မကြာသေးခင်က ဒဏ်ရာရထားပြီး လေ့ကျင့်ရေးကလည်း မကြာခင်မှာဆင်းရတော့မှာဖြစ်လို့ ငါ့အဖေက ငါ့ကိုလိုက်ခွင့်မပြုထားဘူး။ဒါကြောင့် သူတို့က ငါ့ကိုအများကြီးမပြောပြထားဘူး"

COTAW(unicode)Where stories live. Discover now