325-326

1.9K 377 2
                                    

325-326

Chapter(325)
ငါမင်းအတွက် ကလဲ့စားချေပေးမယ်(1)

ဝူရုန်က နောက်ထပ်ရေနွေးသောက်လိုက်ပြီး ပြောလိုက်တယ်"ဟုတ်တယ်။ကျွန်တော်တောင်းဆိုတာတော့ မှန်တယ်လေ။ဒါပေမဲ့ ကျွန်တော့်ရဲ့အကိုကြီးတစ်ယောက်အနေနဲ့ ကျွန်တော်ဒါကိုစားမှာကို တားသင့်တယ်လေ။အကိုကြီးက ကျွန်တော့်ကိုရယ်စရာလုပ်တာဘဲ"

ဝူဇူက ယူရီကလည်း သူ့အတွက် ဒီဆန်ပြုတ်ကိုချက်ပေးခဲ့တုန်းကလည်း ရီစရာလုပ်ခဲ့တာဆိုတ မှတ်မိသေးတယ်။

ဝူရုန်က ဝူဇူက ထပ်ပြီးဝမ်းနည်းနေတာကို သိပြီးပြောတယ်"အကိုကြီးလည်း အမေနဲ့ကျွန်တော်တို့က အကိုကြီးကို ဝမ်းမနည်းစေချင်တာကြောင့် အဲဒီမင်းသမီးအကြောင်းကို မပြောတာဆိုတာသိမှာပါ။ဒါပေမဲ့ ကျွန်တော့်အမြင်အရတော့ အကိုကြီးက မင်းသမီးကို ချစ်နေတာဘဲ။ပြီးတော့ သူမကလည်း အကိုကြီးကို ဂရုစိုက်တာဘဲ။အကိုကြီးတို့က တစ်ယောက်ကိုတစ်ယောက်နှစ်သက်ကတည်းက ဘာကြောင့် အတူမရှိနိုင်ရမှာဘဲ။ကျွန်တော်က အကိုကြီးတို့ကြားမှာ အတိအကျဘာဖြစ်တာလဲဆိုတာတော့ မသိဘူး။ဒါပေမဲ့ အကိုကြီးတို့မှာ တကယ်ကိုမဖြေရှင်းနိုင်တဲ့ပြသနာရှိတယ်ဆိုတာ ကျွန်တော်ပြောနိုင်တယ်။ကျွန်တော် အဲဒါကဘာလည်းဆိုတာ မသိပေမဲ့အကိုကြီးက သူမကိုအကိုကြီးရဲ့ဘဝကနေ ကန်ထုတ်လိုက်လို့ ကျွန်တော်က အကိုကြီးတစ်ဘဝလုံးနောင်တရနေမှာကို မမြင်ချင်ဘူး"

သူနှင့်ဟေးရွမ်ရီကလည်း အရင်ဘဝတုန်းက အတူမရှိနိုင်ခင်အချိန်အထိ ဆယ်စုနှစ်ကျော်လောက် အချိန်ဖြုန်းခဲ့ကြတယ်။သူက သူတို့နှစ်တွေအများကြီးလွှဲချော်ခဲ့တဲ့အတွက် နောင်တရတယ်။

ဝူဇူက တိတ်ဆိတ်သွားတယ်။

ဝူရုန်က ဝူဇူက ဒီမေးခွန်းကို မဖြေချင်ဘူးလို့ထင်လိုက်တဲ့အချိန်မှာဘဲ ဝူဇူက ပြောလိုက်တယ်"ယူရီက မိန်းကလေးမဟုတ်ဘူး။သူက ယောက်ျားလေးတစ်ယောက်ဘဲ။ပြီးတော့ သူက မွန်းစတားကလန်ရဲ့မင်းသမီးမဟုတ်ဘူး။သူက ဧကရာဇ်ဘဲ"

ဝူဇူက ဒီမွန်းကျပ်စရာကောင်းတဲ့ အခြေအနေကို တစ်စုံတစ်ယောက်ကို ဖွင့်ပြောချင်ပြီး သူ့မိသားစုကို မစိုးရိမ်စေချင်ကြောင့် ဝူရုန်ကို ပြောပြတာဖြစ်တယ်။ပြီးတော့ ဝူရုန်၏လက်တွဲဖော်က ယောက်ျားလေးတစ်ယောက်သာဖြစ်လို့ အကောင်းဆုံးရွေးချယ်မှုလို့ ထင်တယ်။သူက ဒီအခြေအနေကို ဝူရုန်က နားလည်ပေးလိမ့်မယ်လို့ ထင်တယ်။

COTAW(unicode)Where stories live. Discover now