Chapter(78)

5.5K 1.1K 8
                                    

Chapter(78)တွယ်ကပ်မယ်(၂)

ဝူချွင်ဂျင်ထွက်သွားပြီးသည်နှင့် သူ့ဇနီးက သူမရဲ့သမီးကို နှစ်သိမ့်ဖို့ကြိုးစားလိုက်တယ်"မင်းအဖေက ဝူရုန်ကို ဒေါသထွက်နေလို့ပါ"

"သမီးသိပါတယ်"

ဒါပေမဲ့ အခန်းထဲက ကောင်းမွန်သည့်လေထုကတော့ ပျောက်ဆုံးသွားပြီဖြစ်တယ်။

ဝူရုန်တို့က လက်ဆောင်တွေကို ပို့ခိုင်းပြီးသည်နှင့် သူတို့က စူချင်ခြံဝင်းကို ထွက်လာခဲ့တယ်။

ခြံဝင်းထဲကို ဝင်လိုက်တာနှင့် ဝူရုန်က အော်လိုက်တယ်"အဖေ အမေ အကိုကြီး ညီမလေး ကျွန်တော်တို့ရောက်ပြီ"

"ရုန်အာ ရွမ်ရီ မင်းတို့ရောက်ပြီ"ဝူချွင်ချင် ဂေါင်တုန်နှင့်အခြားလူတွေက ထွက်လာပြီး ဟန်ဆောင်မှုကင်းသည့် ပျော်ရွှင်သည့်အပြုံးတွေနှင့် ကြိုဆိုလိုက်တယ်။

ဟေးရွမ်ရီကို ဒီပျော်ရွှင်သည့်နွေးထွေးသည့်အပြုံးတွေက ကူးဆက်လာပြီး သူ့ရဲ့နှုတ်ခမ်းထောင့်တွေက ကော့တက်လာတယ်။သူက ရုတ်တရက် ဝူရုန်က အရက်မူးနေသည့်အချိန်တုန်းက သူ့ကိုတောင်းဆိုခဲ့တာကို သတိရသွားပြီးဘာကြောင့် ဝူရုန်က ဒီလိုတောင်းဆိုတာလဲဆိုတာ နားလည်သွားတယ်။မင်းကို မင်းရဲ့မိသားစုတွေက နွေးထွေးစွာကြိုဆိုတာက တကယ်ကို ကောင်းမွန်သည့်ခံစားချက်ကို ရရှိစေတယ်။ဒါက မင်းရဲ့မိသားစုက မင်းကို ဘယ်လောက်ဂရုစိုက်သလဲဆိုတာ ပြနေတယ်။

ဝူရုန်က သူတို့ကို ပြုံးရွှင်စွာပင်ကြည့်လိုက်တယ်။

"အပြင်မှာအေးတယ်။အထဲဝင်ပြီး ပြောကြရအောင်"ဝူချွင်ချင်က ပြုံးပြီးပြောလိုက်တယ်။

ဝူရုန်က ဟေးရွမ်ရီလက်ကိုဆွဲထားသည့် ဥကလေးကို နှုတ်ဆက်ဖို့ အချက်ပြလိုက်တယ်။

ဥကလေးက ချက်ချင်းဘဲ ဝူချွင်ချင်ကို ပြေးဖက်လိုက်ပြီး နှုတ်ဆက်လိုက်တယ်"ဘိုးဘိုးနှစ်သစ်မှာ ပျော်ရွှင်ပါစေ"

ဝူချွင်ချင်က တောင့်တင်းသွားပြီး ပြောလိုက်တယ်"ရုန်အာ ဒီကလေးက...."

"ကျွန်တော်တို့ရဲ့သား"

"မင်းရဲ့သား"ဝူချွင်ချင်တို့က မယုံကြည်ဘူး။ဒါပေမဲ့ ဟေးရွမ်ရီရှေ့မှာ အများကြီးမေးတာက မယဉ်ကျေးရာကျတယ်။

COTAW(unicode)Where stories live. Discover now