Chapter(141+142+143)

4.6K 866 35
                                    

Chapter(141)
ခွေးမသား

အစောင့်တွေကဘာစီကိုဆွဲတင်ပြီးကြမ်းပြင်ပေါ်မှာချထားလိုက်တယ်။ဘာစီကလူအုပ်ကြားထဲကနေဝူရုန်ကိုမြင်သွားပြီးသူ့မျက်လုံးတွေကတောက်ပလာကာခေါ်လိုက်တယ်"ရုန်အာ"

အခြားလူတွေကဝူရုန်ကိုစိတ်ရှုပ်ထွေးပြီးအဓိပ္ပာယ်ရှိတဲ့အကြည့်တွေနဲ့ကြည့်လာကြတယ်။

ဝူရုန်ကဟေးရွမ်ရီနှင့်အတူလျှောက်လာပြီးတစ်ခြားလူတွေကိုတစ်ချက်တောင်မကြည့်ဘူး။

ဝူချွင်ချင်ကမနေ့ညတုန်းကဘာဖြစ်ခဲ့တယ်ဆိုတာသူကဝူရုန်ထံကကြားပြီးပြီဖြစ်တာကြောင့်သူကအလွန်ဒေါသထွက်နေတယ်။သူကအခုချိန်မှာဘာစီကိုစုတ်ပြတ်သတ်သွားအောင်သာရိုက်ပစ်ဖို့ဆန္ဒရှိတယ်။

ဝူရှီးကလည်းသူ့ရဲ့နာကျင်နေခဲ့ခန္ဓာကိုယ်ကိုလျစ်လျူရှူပြီးဒီနေရာကိုပြဇာတ်ကြည့်ဖို့ရောက်လာတယ်။သူကလှောင်ပြီးပြောလိုက်တယ်"သူကဝူရုန်ကိုခေါ်နေတယ်။ဒါကသူကဝူရုန်ရဲ့ရင်းနှီးနေတယ်ဆိုတာသိသာနေတာဘဲ။ဒါကိုကြည့်လိုက်တာနဲ့ဝူရုန်ကိုငါတို့ကမှားယွင်းစွပ်စွဲတာမဟုတ်ဘဲသူကဘာစီကိုငါတို့ကိုကပ်ပါးကောင်တွေနဲ့ပြုစားဖို့စေခိုင်းတဲ့သူဘဲ"

ဝူရှီးကဇန်းယန်းစားသောက်ဆိုင်မှာဘာတွေဖြစ်ပျက်ခဲ့တာလဲဆိုတာမသိသော်လည်းဘဲသူကဒီလိုမျိုးပြောလိုက်တာဖြစ်တယ်။သူနဲ့ဝူရှောင်းကနေလို့မကောင်းတာကြောင့်ဝူအန်းရီနဲ့ဝူအန်းချီကသာဇန်းယန်းစားသောက်ဆိုင်ကိုသွားလိုက်တာဖြစ်တယ်။

"အဓိပ္ပာယ်မရှိလိုက်တာ"ပထမဆုံးအနေနဲ့ဝူရှိကကျိန်ဆဲလိုက်တယ်
"ဘိုးဘိုးကြီးကဒီကိစ္စတစ်ခုလုံးရဲ့နောက်ကွယ်ကမြောက်ဘက်ခြံဝင်းကတစ်စုံတစ်ယောက်ကလုပ်တယ်ဆိုတာဖြေရှင်းပြီးသားဘဲ။ဒါကိုနင်ကအခုငါ့အကိုဘယ်လိုလက်ညှိုးထိုးရဲတာလဲ?ဒါကနင်ကဘာကိိုပြောချင်နေတာလဲ?နင်ကဘိုးဘိုးကြီးရဲ့ဖြေရှင်းချက်ကိုမကျေနပ်တာလား?ဒါမှမဟုတ်ငါ့အကိုကတကယ်ကိုဘဲနင်တို့ကိုပြုစားခဲ့တယ်လို့စွပ်စွဲချင်နေတာလား?"

"........"ဝူရှီး

သူကတကယ်ကိုဘဲပြုစားခဲ့တဲ့သူကိုမကျေနပ်နိုင်ဘူး။ဒါကသူ့ကိုသေသွားနိုင်စေတယ်လေ။

COTAW(unicode)Where stories live. Discover now