အခန်း (၆၅)

8.9K 1.1K 6
                                    

Unicode

တစ်ခန်းလုံးတိတ်ဆိတ်သွားပြီး စက္ကန့်ခဏအကြာမှသာ Qin Hai ထံမှ စကားသံထွက်လာသည်။

" မင်းအမေက ငါ့အကြောင်းတွေနဲ့ ပတ်သက်ပြီး ဘာပြောခဲ့သေးလဲ။"

"ဘာမှ မပြောဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် ကောင်းကောင်းဂရုစိုက်ဖို့ပဲ သူ မှာခဲ့တယ်။"

Huo YanXiao ပြောသံကို Qin Hai ကြားရသည့်အခါ အေးစက်တည်ငြိမ်နေသည့် သူ၏မျက်ဝန်းများတွင် ပြောင်းလဲမှုများဖြစ်ပေါ်လာသည်။

"အင်း၊ သူက အမြဲတမ်း စိတ်ဓာတ်ကြံ့ခိုင်တဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ငါ့အကြောင်းတွေကို မင်းဆီပြောဖို့ဆိုတာ...။"

ထိုသို့ပြောရင်း Huo YanXiao ကိုကြည့်ကာ

"ဘာပဲဖြစ်ဖြစ် မင်းနဲ့ငါ့ရဲ့ ပတ်သက်မှုကို အတည်ပြုဖို့လိုသေးတယ်။ ဒီတော့ DNA ဆေးစစ်ဖို့ ငါ့နဲ့အတူတူ ဆေးရုံလိုက်ခဲ့။"

Huo YanXiao ခေါင်းညိတ်ကာ

“ရပါတယ်၊ ဒါနဲ့ ... အခုချက်ချင်းလား။"

"ဟုတ်တယ်။"

Qin Hai ပြောပြီးသည်နှင့်တစ်ပြုင်နက် ဖုန်းသံမြည်လာသဖြင့် ဖုန်းကိုင်လိုက်လေသည်။

"ဘာဖြစ်လို့လဲ။"

"ယောက်ျား ၊ ရှင့်အမေက ရုတ်တရက်ကြီး ဗိုက်နာလာလို့တဲ့။ အဲ့ဒါကြောင့် ကျွန်မတို့သူ့ကို ဆေးရုံ​တင်ထားလိုက်ရတယ်။ ရှင်ရော အခုဘယ်မှာလဲ၊ ကုမ္ပဏီမှာပဲ ရှိနေတာလား။ ရှင်အလုပ်တွေပြီးသွားရင် ဆေးရုံကိုမြန်မြန်လာနော်။"

ဖုန်းတစ်ဖက်မှ Qin ကတော်၏ စိုးရိမ်တကြီးပြောနေသံကို အတိုင်းသားကြားနေရသည်။ ဇနီးဖြစ်သူ၏ ဖုန်းထဲမှစကားသံကိုနားထောင်ရင်း သူ့ရှေ့၌ထိုင်နေသည့် Huo YanXiao ကိုကြည့်မိချိန်၌ အကြံတစ်ခုရသွားတော့သည်။ ထို့နောက်

"ကောင်းပြီလေ၊ ဆေးရုံကို မြန်မြန်လာနိုင်အောင် ကိုယ်ကြိုးစားပါ့မယ်။"

ဖုန်းပြောပြီးသည့်အခါ Huo YanXiao အား

"ကိစ္စလေးတစ်ခုပေါ်လာလို့ အခု ငါဆေးရုံသွားရမယ်။ ဒီတော့ DNA ဆေးစစ်ဖို့ မင်းရဲ့ဓာတ်ခွဲနမူနာကို ငါ့ကိုပေးလိုက်၊ ပြီးရင် ဆေးစစ်မယ့်နေရာကို ငါပို့လိုက်မယ်။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now