အခန်း (၁၇)

11K 1.4K 20
                                    

Unicode

သူမကပင် ဆက်၍ " ဒီဂိမ်းကစားဖို့အတွက် ၁ မိနစ်လောက်မီးပိတ်ထားမှာ ဖြစ်တယ်။ ဒါကြောင့် အဲ့ဒီ ၁ မိနစ်အတွင်းမှာ ကိုယ်လုပ်ချင်တဲ့ဘယ်အရာကိုမဆို စိတ်ကြိုက် လုပ်လို့ရတယ်။ "

"ငါ သဘောတူတယ်!" ဟု သူမနံဘေးမှ Qin Ziyi ကအားတက်သရောပြောကာ မနီးမဝေးရှိ Nie ChengFeng ကို လှမ်းကြည့်လိုက်သည်။

ပါတီပွဲသို့ ရောက်လာကြသူအားလုံးမှာ လူငယ်များသာဖြစ်ကြသည့်အတွက် သူမတို့နှစ်ယောက်၏ အစီအစဉ်ကို ကန့်ကွက်မည့်သူမရှိဘဲ အားလုံးက သဘောတူထောက်ခံကြလေသည်။

ထိုအချိန်၌ Nie AnAn တွေးနေမိသည်မှာ

"ဒီနေ့က ငါ့အတွက် ကံကောင်းတဲ့နေ့တစ်နေ့ဘဲ။ DNAစစ်ဖို့ Nie ChengFeng ရဲ့ဆံပင်ကို ဘယ်လိုယူရမလဲလို့ စဉ်းစားရခက်နေတာ။ အခုတော့ ဒီဂိမ်းကြောင့် အားလုံးအဆင်ပြေသွားပြီ။ ငါ့အတွက်ကတော့ ရေငတ်တုန်း တွင်းထဲကျတာဘဲ။"

ထို့နောက် Nie ChengFeng ရှိရာသို့ တိတ်တဆိတ်သွားရန် ခြေလှမ်းပြင်လိုက်စဉ် Xia Xiaowen အသံကို ကြားရလေသည်။

"ကဲ...စ,ရေပြီနော်။ ၁၀၊ ၉... ၃၊ ၂၊ ၁!"

ထို့နောက် သူမမြင်ကွင်းတစ်ခုလုံး အမှောင်ကျသွားတော့သည်။

အမှောင်ထုထဲတွင် Nie ChengFeng ရပ်နေသည့်နေရာသို့မှန်းဆကာ သူရှိရာသို့ သူမလှမ်းခုန်လိုက်စဉ်တွင် တစ်စုံတစ်ယောက်နှင့် တိုက်မိသွားသည်။ ထို့နောက်တွင် မိန်းကလေးတစ်ယောက်၏ တီးတိုးအော်လိုက်သံကို ကြားရလေသည်။

သို့သော်လည်း အချိန်မရှိတော့သဖြင့် Nie AnAn ရှည်ရှည်ဝေးဝေးစဉ်းစားမနေတော့ဘဲ Nie ChengFeng ၏ပခုံးပေါ်သို့ လက်တစ်ဖက်ထောက်ကာ ကျန်လက်ဖြင့် ဆံပင်အနည်းငယ် ဆွဲနှုတ်လိုက်သည်။

"ရပြီကွ!"

သူမမျက်နှာတွင် ကျေနပ်အားရနေသည့် အပြုံးတို့က နေရာယူလို့သွားသည်။ သို့သော်လည်း နဂိုရပ်နေသည့်နေရာသို့ သူမ ပြန်မသွားနိုင်သေးခင်မှာပင် ခန်းမတစ်ခုလုံး မီးပြန်လင်းလာတော့သည်။

သူမ၏လက်ထဲ၌ Nie ChengFeng ထံမှ ယခုလေးတင်နှုတ်ယူထားသည့် ဆံပင်သုံးချောင်းရှိနေပြီး ကျန်လက်တစ်ဖက်ကမူ သူ၏ပခုံးကို ကိုင်ထားဆဲဖြစ်သည်။ သူမ၏ပုံစံမှာ အများအလယ်တွင် ကြံရာပါပစ္စည်းနှင့်အတူ လက်ပူးလက်ကြပ်မိနေသည့် အခြေအနေဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now