အခန်း (၉၉)

7.2K 930 9
                                    

Unicode

ထိုအသံကြားသည့်အခါ Nie AnAn အသက်ဝအောင် လေကို တစ်ဝကြီးရှုသွင်းပြီးနောက် စိတ်ငြိမ်အောင်စုစည်းကာ ကိုယ်ကို မတ်မတ်ထားလိုက်သည်။ ထို့နောက်

"အိုခေ"

ဟူ၍ သူမ ပြန်ဖြေလိုက်တော့သည်။

သူမ စိတ်လှုပ်ရှားနေသည်ကို Nie ChengFeng သိနေသဖြင့် Nie AnAn အနားသို့ လျှောက်သွားကာ သူ့လက်ကမ်းပေးလိုက်သည်။

"လာ... သွားစို့။"

ထိုအချိန်၌ ခန်းမကြီးထဲတွင် ပွဲလာဧည့်ပရိတ်သတ်များ ရောက်နေကြပြီဖြစ်သည်။ Nie ChengFeng ၏ လက်ကိုချိတ်လျက်သားဖြင့် ကော်ဇော်နီပေါ်သို့ သူမတို့နှစ်ယောက် အတူတကွ လျှောက်လာကြသည်။

Qin Hai နှင့် Nie ပါးပါးတို့ ယခင်ကတည်းက တိုင်ပင်ထားခဲ့ကြသည့်အတိုင်းပင် ယနေ့ပွဲလေးမှာ သူမနှင့် Huo YanXiao တို့၏ စေ့စပ်ပွဲအခမ်းအနား ဖြစ်သည်။

Huo YanXiao မှာ သူမတို့လျှောက်လာသည့် ကော်ဇော်နီ၏ အခြားတစ်ဖက်အဆုံးတွင် နေရာယူထားပြီဖြစ်ကာ အနက်ရောင် အနောက်တိုင်း၀တ်စုံနှင့်အတူ နှင်းဆီရောင် လည်စီးကို တွဲဖက်၀တ်ဆင်ထားသည်။

နံဘေး၌ ၀န်းရံအလှဆင်ထားသည့် ပန်းပွင့်ပန်းနွယ်များကြောင့် သူ၏ အေးတိအေးစက် ရှိနေတတ်သည့် နဂိုဟန်အမူအရာမှာ အနည်းငယ်အားဖျော့သွားပုံရပြီး နူးညံ့ကြင်နာမှုများက အစားထိုးဝင်ရောက်လာသယောင် ထင်ရသည်။

ထိုအချိန်၌ Nie AnAn ကို မျက်တောင်မခတ်တမ်း စူးစိုက်ကြည့်နေသည့် သူ၏ ကြည်လင်တောက်ပသည့် မျက်၀န်းများက သူမ အား နှစ်ပေါင်းများစွာ မျှော်လင့်တကြီး စောင့်စားနေခဲ့ရသကဲ့သို့ပင် ဖြစ်သည်။ နောက်ဆုံး၌ Huo YanXiao ဘေးနားသို့ သူမ ရောက်လာတော့သည်။

သူမ နှင့်အတူလိုက်ပါလာသည့် Nie ChengFeng မှာ Huo YanXiao အနားကပ်၍ နှစ်ကိုယ်ကြား တီးတိုးစကားအချို့ပြောပြီးသည့်အခါမှသာ ညီမဖြစ်သူကို Huo YanXiao လက်ထဲသို့ အပ်လိုက်တော့သည်။

Huo YanXiao ၏လက်မှာ သူမထက် အရွယ်အစားကြီးနေသည်သာမက နွေးထွေးမှုအပြည့်နှင့်ပင် ဖြစ်သည်။ Nie AnAn လက်များမှာ စိတ်လှုပ်ရှားနေဆဲဖြစ်သည့်အတွက် ချွေးစေးများပြန်နေသော်လည်း သူမ လက်ကို တင်းတင်းကလေးဆုပ်ကိုင်လာသည့် Huo YanXiao လက်များကြောင့် စိတ်သက်သာရာရသွားတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now