အခန်း (၁၂၃)

8.8K 847 5
                                    

Unicode

အခန်း (၁၂၃)

နောက်တစ်နေ့မှာ ပိတ်ရက်ဖြစ်နေသည်။ Nie AnAn မ ထနိုင်မည်စိုး၍ ထိုနံနက်တွင် သူမ အား ချမ်းသာပေးလိုက်ကာ ယခင်ကတည်းက ကတိပေးထားခဲ့ဖူးသည့် တိရစ္ဆာန်ဥယျာဉ်သို့ သူမ အား Huo YanXiao ခေါ်သွားသည်။

စစချင်း၌ နှစ်ဦးသားဒိတ်လုပ်ရန်အတွက် ထိုနေရာအား ရွေးချယ်လိုက်သည်ကို Nie AnAn အနည်းငယ် ကန့်ကွက်လိုသော်လည်း ချစ်စရာလင်းပိုင်းပြပွဲနှင့် ပန်ဒါဝက်ဝံလေးများအား တွေ့ပြီးသည့်အခါ သူမ စိတ်ပျော်သွားတော့သည်။

တိရစ္ဆာန်ဉယျာဉ်၌ ဒိတ်လုပ်ရန် ဆုံးဖြတ်လိုက်သည်မှာလည်း မဆိုးဘူးဟု သူမ ခံစားမိသည်။

ရုံအထဲတွင် နေရာအနှံ့လျှောက်လည်ပြီးကြသည့်အခါ တိရစ္ဆာန်ဥယျာဉ်၏ ညာဘက်တွင်ရှိနေသည့် ရုပ်ရှင်ပြဇာတ်ရုံသို့ Disney ကာတွန်းကားကြည့်ရန် သွားလိုက်သည်။
ဇာတ်ကားကြည့်နေရင်း ထိုကာတွန်းများကပင် ကလေးမဆန်ဟု ရုတ်တရက်ဆိုသလို တွေးမိပြန်သည်။

တစ်နေ့လုံး စိတ်ကြိုက်လည်ပြီး၍ အိမ်ပြန်ရောက်လာသည့်အခါ ညနေပင်စောင်းနေပြီ ဖြစ်သည်။ အိမ်ရှေ့သို့ ကားရပ်လိုက်သည့်အချိန်၌ ထိုနေရာတွင် ငုတ်တုတ်ကလေးထိုင်စောင့်နေသည့် လူရိပ်တစ်ရိပ်ကို တွေ့လိုက်ရသည်။

ဤရက်ပိုင်းအတွင်း Qin မိသားစုတွင် ဖြစ်ပျက်ခဲ့သည့်များက အပြောင်းအလဲမြန်ဆန်လွန်းနေသည်။ ထိုရိုက်ခတ်မှုကြောင့် Qin Ziyi တစ်ယောက် အပယ်ခံဘဝသို့ အထီးကျန်စွာရောက်သွားတော့သည်။

သူမ အပေါ်တွင် အမြဲတမ်းကြင်နာယုယခဲ့သည့် မိခင်နှင့် သူမ အား အလိုလိုက်ခဲ့သည့် အစ်ကိုဖြစ်သူတို့နှစ်ယောက်မှာ ရက်စက်ယုတ်မာသူများအဖြစ် နေ့ချင်းညချင်း ပြောင်းလဲသွားကြသည်။

သံသယတရားခံအဖြစ် အချုပ်ကျနေသည့် အမေနှင့် အစ်ကိုတို့ရှိရာ 'H'မြို့သို့ သူမ သွားခဲ့သည်။ နန်းမြို့တော်သို့ပြန်ရောက်သည့်အခါ သူမ မျက်နှာလေးက မို့အစ်နေကာ ငိုရလွန်း၍ မျက်လုံးများလည်း ဖောင်းကားနီရဲနေပြီဖြစ်သည်။

"ရွေအင်းလေး" ရှိုးမှ နောက်ထပ်အပိုင်းသစ် ရိုက်ကူးရန်အတွက် သူမ အားကမ်းလှမ်းလာသည့်တိုင် လက်မခံဘဲ ငြင်းခဲ့သည်။ သူမ ၏ အိမ်တွင်းရေးပြဿနာအရှုပ်များကြောင့် လူရှေ့ထွက်ရန်မှာ ယခုအချိန်၌ လုံးဝမဖြစ်နိုင်ပေ။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now