အခန်း (၄၀)

10.3K 1.3K 4
                                    

Unicode

Nie AnAn ညနေစာစားပြီးသည့်အခါ ရေချိုးပြီး ခေါင်းလျှော်လိုက်သည်။ ထို့နောက် ဆံပင်များခြောက်အောင်မှုတ်ရင်း မှန်ထဲမှ သူမ ဆံပင်ရှည်များကို ကြည့်နေမိသည်။ ထိုအချိန်တွင် သူမခေါင်းထဲ၌ အတွေးတစ်ခုပေါ်လာသည်မှာ

'Nie မိသားစုက ငါ့ကို သူ့တို့အိမ်ခေါ်လိုက်တာက ငါ့ဆံပင်ယူပြီး DNA စစ်ချင်လို့များလား။'

'ငါသာ ဆံပင်ချထားလိုက်ရင် သူတို့အနေနဲ့ ငါ့ဆံပင်ကို လွယ်လွယ်လေး ယူသွားလို့ရနိုင်တယ်။ ဒီတော့ ဆံပင်စည်းပြီး ဆံထုံးပါထုံးထားလိုက်ရင် ပြဿနာမရှိတော့ဘူး။'

ထိုသို့ စဉ်းစားပြီးနောက် မှန်ထဲ၌ကြည့်၍ ဆံထုံးထုံးလိုက်ကာ ရေချိုးခန်းထဲမှ ထွက်လာသည်။ အခန်းရှိရာသို့ လျှောက်သွားရင်း သူမ ဆံပင်ချည်ထားသည်မှာ မဆင်ပြေ၊ မပြေကိုသိနိုင်ရန် ကိုယ့်ဆံပင်ကို ပြန်ဆွဲကြည့်လိုက်သည်။

သူမ သေသေချာချာ ဆံပင်ချည်ကာ ဆံထုံးထုံးထားသဖြင့် ဆံပင်များ အလွယ်တကူ ကျွတ်မကြလာတော့ပေ။ ထိုအခါမှပင် သူမ စိတ်သက်သာရာ ရသွားသည်။ အခန်းထဲသို့ရောက်သည့်အခါ ဆိုဖာခုံရှိရာသို့ လျှောက်သွားလိုက်ပြီး ထိုနေရာ၌ထိုင်ကာ မနက်ဖြန်၌ဖြေရမည့် အင်တာဗျူးနှင့်ပတ်သက်၍ သူမ တွေးနေမိသည်။  

မိမိကိုယ်ပိုင် အတွေးကမ္ဘာထဲ၌ စီးမျောနေသည့်အတွက် ထိုအခန်းနှင့် တစ်ဆက်တည်းတွဲထားသည့် ရေချိုးခန်းထဲမှ ရေကျသံများ ရပ်သွားမှသာ မြင်နေကျမဟုတ်သည့် အခန်းပတ်ဝန်းကျင်ကို သူမ သတိထားမိတော့သည်။ ထိုအချိန်၌ ရေချိုးခန်းတံခါးပွင့်သွားပြီဖြစ်ကာ အထဲမှ ယောက်ျားတစ်ယောက် ထွက်လာလေငည်။

ရုတ်တရက်ဖြစ်သည့်အတွက် သူမ ကြောင်သွားပြီး အချိန်အနည်းငယ် ကြာပြီးသည့်အခါမှသာ သတိပြန်ဝင်လာသည်။

ထိုသူကို လှမ်းကြည့်လိုက်ချိန်၌ သူမ ပထမဦးဆုံးတွေ့လိုက်ရသည်မှာ ရှည်လျားသည့် ခြေထောက်တစ်စုံဖြစ်သည်။ ခါး၌ တဘက် ပက်ထားကာ အပေါ်ပိုင်းဗလာဖြစ်ပြီး အဆီပိုမရှိသည့် ဝမ်းဗိုက်ကြွက်သားများဖြင့် ကြည့်၍ကောင်းနေလေသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now