အခန်း (၇၂)

8.8K 1.2K 154
                                    

Unicode

အခြားသူများမှာ AnAn နှင့်ပတ်သက်သည့် အကြောင်းကိစ္စများကိုပြောရင်း အာရုံများနေကြသဖြင့် Nie ChengFeng တစ်ယောက်သာ နေ့လည်စာကို တစ်ယောက်တည်း ပျော်ပျော်ကြီး စားနေလေတော့သည်။

သူဘာပြောပြော အဖက်မလုပ်သည့် Nie မိသားစုဝင်များကို လျစ်လျူရှုလိုက်ကာ ထမင်းဝိုင်းအပေါ်၌သာ အာရုံထားလိုက်တော့သည်။ စားစရာရှိသည်ကိုသာ အေးအေးလူလူစားပြီးသည့်အခါ ကျေနပ်မှုအပြည့်တို့ဖြင့် ထိုင်နေရာမှထလိုက်တော့သည်။

ညီမဖြစ်သူ၏ ခေါင်းကို အသာအယာပုတ်ပြီးနောက် ထိုပုံကို ဆယ်လ်ဖီရိုက်ရန် အိပ်ကပ်ထဲမှဖုန်းထုတ်လိုက်သည်။

"လာ AnAn ၊ အခု လုံးဝရေမရောတဲ့ အစ်ကိုအရင်းခေါက်ခေါက်နဲ့ ဓာတ်ပုံရိုက်လိုက်ရအောင်။"

"အိုး ဟုတ်သားပဲ။ သမီးအစ်ကိုနဲ့ ဓာတ်ပုံအတူတူ တွဲရိုက်လိုက်ဦး။"

ဟူ၍ Nie မားမားလည်း ဝင်ပြောကာ သူမ ဖုန်းကိုယူ၍ မောင်နှမနှစ်ယောက် အတူယှဉ်တွဲရပ်နေသည့်ပုံကို ကင်မရာထောင့်အမျိုးမျိုးမှ တဖျပ်ဖျပ်နှင့် ဓာတ်ပုံရိုက်တော့သည်။

Mood ဝင်နေပြီဖြစ်သည့် Nie ChengFeng မှာ ကင်မရာရှိရာသို့ကြည့်ရင်း ညီမဖြစ်သူ၏ပခုံးကို သိုင်းဖက်ကာ အောင်နိုင်သူတို့၏အပြုံးမျိုးဖြင့် ကြည့်နေလေတော့သည်။

စိတ်ကျေနပ်သည်အထိ ဓာတ်ပုံရိုက်ပြီးသည့်အခါ ထိုဓာတ်ပုံများကို သူ၏ ဖေ့ဘွခ်အကောင့်တွင် ချက်ချင်း တင်လိုက်တော့သည်။

သူတင်ထားသည့်ပုံများထဲမှ ပထမပုံမှာ အလုပ်များနေသည့်ညီမဖြစ်သူကို ဝက်နံရိုးကြော်များ နှိုက်မြည်းစဉ်က အနောက်မှ လှမ်းရိုက်ထားခြင်းဖြစ်ကာ သူဓာတ်ပုံရိုက်လိုက်သည်ကို Nie AnAn လုံးဝမသိပေ။

ဒုတိယတင်ထားသည့်ဓာတ်ပုံမှာ နေ့လည်စာစားရန်အတွက် ပြင်ဆင်ထားသည့် ထမင်းဝိုင်းပုံ ဖြစ်သည်။ အစားအသောက်ဟင်းပွဲများတည်ခင်းထားသည့်ပုံသာဖြစ်ပြီး ဇွန်း၊ ခရင်းများမပါအောင် ရိုက်ထားသည့်အတွက် ဤထမင်းဝိုင်းတွင် လူအရေအတွက် မည်မျှရှိမည်ကို ခန့်မှန်း၍သိနိုင်မည် မဟုတ်ပေ။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now