အခန်း (၄၁)

10.2K 1.3K 5
                                    

Unicode

နောက်တစ်နေ့မနက်၌ Huo YanXiao အလုပ်သွားပြီးနောက်တွင် သူမ လည်း Nie အိမ်တော်သို့ ထွက်လာလေတော့သည်။

Nie မားမား၏ဆန္ဒအမှန်မှာ သားဖြစ်သူကို Nie AnAn အား သွားကြိုစေလိုသော်လည်း သူမ အပြုအမူက ယခုမှပင် ဤအိမ်သို့ပထမဆုံးရောက်လာမည့် AnAn အတွက် အနည်းငယ် over ဖြစ်နေသဖြင့် သူမအကြံကို Nie ChengFeng ငြင်းလိုက်သည်။

ထို့ကြောင့် Nie မားမား တစ်​ယောက် သူမ အလာကို ဧည့်ခန်း၌ထိုင်၍ တစ်မနက်ခင်းလုံး စောင့်နေမိသည်။ ခြံဝင်းဝ၌ လူခေါ်ခေါင်းလောင်းသံမြည်လာချိန်၌ သူမ မနက်ကတည်းပင် လေ့ကျင့်နေသည့် မျက်နှာအမူအရာပြောင်းလိုက်ကာ အစေခံတစ်ယောက်ကို တံခါးသွားဖွင့်ခိုင်းလိုက်သည်။

Nie AnAn မှာ အဖြူရောင်လက်ရှည် အင်္ကျီကို အပြာနုရောင် ဘောင်းဘီရှည် တွဲဖက်ဝတ်ထားပြီး သူမ ဆံပင်များကိုချည်ကာ ဆံထုံးထုံးထားသည်။ အိမ်ထဲသို့ ဝင်လာရင်း ဧည့်ခန်းတွင်ထိုင်နေသည့် Nie မားမားကို နှုတ်ဆက်လိုက်သည်။

"မင်္ဂလာပါ အန်တီ၊ ကျွန်မက Nie AnAn ပါ။ ဒီနေ့ အင်တာဗျူးဖြေဖို့အတွက် ရောက်လာတာပါ။"

သူမ စကားကြားရချိန်၌ Nie မားမား တစ်ယောက် ပါးချိုင့်များပေါ်လာသည့်အထိ သဘောကျစွာ ပြုံးပြလိုက်သည်။ ထို့နောက် AnAn အနားသို့သွားကာ သူမ လက်ကိုကိုင်ရင်း ဝမ်းသာအားရပြောလိုက်သည်မှာ

"AnAn ရေ၊ သမီးသရုပ်ဆောင်ထားတဲ့ ရှိုးအစီအစဉ်ကို အန်တီတို့ ကြည့်လိုက်ရတယ်။ တီဗီထဲမှာထက် သမီးက အပြင်မှာ ပိုပြီးချစ်ဖို့ကောင်းတာဘဲ။"

ထိုသို့ပြောရင်းနှင့်ပင် ထိုင်ခုံရှိရာသို့ သူမ ကိုဆွဲခေါ်လိုက်ပြီး ရင်းနီးဖော်ရွေစွာဖြင့်

"သမီးက ဘယ်နေရာမှာနေတာလဲ။ အန်တီတို့ဆီကိုလာရတာ ဝေးလား၊ ပြီးတော့ လမ်းမှာရော နေအရမ်းပူနေလား။"

Nie AnAn ခေါင်းခါပြရင်း

"အရမ်းကြီး မဝေးပါဘူးအန်တီ။ ပြီးတော့ မြေအောက်ရထားစီးပြီးလာတာဆိုတော့ သိပ်လည်းမပူပါဘူး၊ ဒီအတိုင်းပုံမှန်ဘဲ။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now