အခန်း (၄၉)

9.5K 1.2K 23
                                    

Unicode

တည်းခိုခန်း'B' မှ ဧည့်သည်အများစုမှာ ယခင်အစီအစဉ်၌ တစ်ဖွဲ့တည်းကျခဲ့သူများဖြစ်ပြီး သူမ မသိသည့်အသစ်ဟူ၍ အခြားဧည့်သည်သုံးယောက်သာ ရှိလေသည်။

မနက်စာ စားချိန်ရောက်သောအခါ ဧည့်သည်သုံးယောက်သည် အခြားသူများနှင့် ထမင်း၊ ဟင်းများ အပြိုင်အဆိုင်လုစားရမည်ကို အစပထမပိုင်းတွင် အနည်းငယ်ရှက်ရွံ့နေကြသေးသည်။ သို့သော်လည်း သူမ၏ဟင်းချက်လက်ရာကို စားမိသည့်အခါ၌ ဟန်မဆောင်နိုင်တော့ဘဲ အခြားသူများနှင့်အတူ အစားအသောက်လုပွဲ၌ ပါဝင်ဆင်နွှဲကြတော့သည်။

Nie AnAn နှင့် Ji YunChuan တို့၏ အရသာကောင်းမွန်လှသည့် မနက်စာကြောင့် ဧည့်သည်အားလုံး ကျေနပ်သွားကြသည်။

Ji YunChuan တစ်ယောက် ဧည့်သည်များအား မနက်စာတည်းခင်းကျွေးမွေးသည့် အစီအစဉ်ပြီးဆုံးသွားသည့်အခါ Nie AnAn ၏လက်ရာကို မြည်းနိုင်ရန်အတွက် တည်းခိုခန်း'B'ဘက်သို့ အပြေးအလွှားထွက်သွားတော့သည်။ သို့သော်လည်း ခြေတစ်လှမ်းနောက်ကျသွားပြီဖြစ်၍ ထမင်းစားပွဲသိမ်းဆည်းနေချိန်နှင့်သာ ကြုံရတော့သည်။

မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသည့်အတွက် Ji YunChuan အနည်းငယ်စိတ်ပျက်သွားသော်လည်း စိတ်ပြန်ထိန်းလိုက်ကာ

" AnAn ၊ ကျွန်တော်ကဒီနေရာကို အခုမှပထမဦးဆုံးရောက်ဖူးတာဆိုတော့ အနီးအနားပတ်ဝန်းကျင်တွေကို လျှောက်သွားကြည့်ချင်တယ်။ ဒါကြောင့် AnAn သာ အားမယ်ဆိုရင် ကျွန်တော့ကို အချိန်ခဏလောက်ပေးနိုင်မလား။"

သူမ ချက်ချင်းပင် ခေါင်းညိတ်ပြကာ

"ရတာပေါ့! ကျွန်မတောင်အခုပဲ အပြင်ထွက်ပြီး စျေးကွက်ထဲမှာအသစ်ရောက်နေတဲ့ ပစ္စည်းတွေ သွားကြည့်ဖို့လုပ်နေတာ။"

နှစ်ယောက်သား ထွေရာလေးပါးပြောဆိုရင်း ရယ်ရယ်မောမောနှင့် စျေးဘက်သို့ လမ်းလျှောက်ထွက်သွားကြတော့သည်။

ထိုအချိန်တွင် တည်းခိုခန်းထောင့်တစ်နေရာ၌ရပ်ကာ  အပြင်ဘက်သို့ အတူတူထွက်သွားကြသည့် သူတို့နှစ်ယောက်၏ ကျောပြင်ကို အနောက်ဘက်မှ စိုက်ကြည့်နေသည့် Li MenGe ၏မျက်ဝန်းတို့က ...

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now