အခန်း (၁၁၈) - Bonus

7.9K 811 6
                                    

Unicode

ထိုညက 'H'မြို့တွင် မိုးကြိုးပစ်သံများက တသောသောညံနေကာ အတော့်ကို ဆိုးဆိုးရွားရွား ပစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် Qin ZiMing နှင့် Qin ကတော်တို့မှာ သူတို့ရှေ့နေ နှင့် အဆက်အသွယ်ရသည့်အချိန်တွင် နောက်တစ်နေ့နေ့လည် ရောက်နေပြီဖြစ်သည်။

စစ်ဆေးမေးမြန်းသည့် ကိစ္စများကြောင့် တစ်ညလုံးမအိပ်ရသေးသဖြင့် Qin ZiMing ၏ မျက်လုံးများ နီရဲနေကာ မျက်တွင်းဟောက်ပက် ဖြစ်နေသည်။ သူ့ပုံစံကြည့်ရသည်မှာ ဖရိုဖရဲနှင့် တော်တော့်ကို မသပ်မရပ်ရှိနေသည်။

ရှေ့နေနှင့် တွေ့သည့်အခါ အဖြစ်မှန်ပေါ်သွားမည်စိုး၍ ရင်ထဲ၌ မလုံမလဲဖြစ်နေသည်များကို ဟန်ဆောင်ဖုံးဖိရင်း ဘာမှမဖြစ်သည့် အမူအရာဖြင့် ဟန်မပျက် စကားစလိုက်သည်။

"ရှေ့နေ Chen ၊ အခု ဘာတွေဖြစ်နေတာလဲ။ သူတို့မှာ လက်ဆုပ်လက်ကိုင်ပြစရာ သက်သေအထောက်အထား တစ်ခုမှရှိဘဲ ဘာတွေလုပ်နေတာလဲ။ အခြေအမြစ်မရှိတဲ့အရာတွေ စွပ်စွဲထားတဲ့ လူတစ်ယောက်ရဲ့ တိုင်စာတစ်ခုနဲ့ ကျွန်တော့ကို ဖမ်းထားလို့မရဘူး..."

Qin ZiMing ၏စကားကို ကြားသည့်အခါ ထိုရှေ့နေမှ

"Mr. Qin ၊ ခင်ဗျားဒီနေရာကနေ အမြန်ဆုံးထွက်နိုင်အောင် ကျွန်တော်အစွမ်းကုန်ကြိုးစားသွားမှာပါ။ ဒါပေမဲ့ ကျွန်တော့အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ခင်ဗျားအတွက် အခြေအနေမကောင်းဘူး၊ ဒီထက်ရှင်းအောင် ပြောရမယ်ဆိုရင် လွတ်လမ်းမရှိတော့သလောက်နီးပါး ဖြစ်နေတယ်။

အခုချိန်မှာ ခင်ဗျားအတွက် အကောင်းဆုံးလုပ်ပေးနိုင်တာ တစ်ခုကတော့ ပြစ်ဒဏ်လျှော့ပေါ့အောင်ပဲ ကြိုးစားပေးလို့ရတော့မယ်။ ပြီးတော့ Mr. Huo YanXiao ကိုယ်တိုင် ပြန်သတိရလာပြီဆိုတော့..."

Qin ZiMing မျက်နှာက သွေးမရှိတော့သလို ဖြူဆုတ်သွားသည်။ သို့သော် Huo YanXiao မည်သို့မည်ပုံ ပြန်လည် နာလန်ထူလာသည်ကို စုံစမ်းရန် သူ့တွင်အခွင့်အရေး မရှိတော့ပေ။ သူ့အသံက နွမ်းလျတုန်ရီနေကာ

"ပြစ်ဒဏ်လျှော့ပေါ့ပေးမယ်၊ အနိုင်ရဖို့ လမ်းကြောင်းမရှိဘူး ဟုတ်လား... အဲ့လိုတွေ စွပ်စွဲလို့ရအောင် ကျွန်တော့ဘက်က ဘာအပြစ်တွေ ကျူးလွန်တွေလုပ်ထားတာရှိလို့လဲ။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now