အခန်း (၁၀၃)

7.8K 856 11
                                    

Unicode

Nie AnAn နှုတ်ခမ်း၌ နွေးထွေးနူးညံ့သည့် အထိအတွေ့နှင့်အတူ သူ၏အငွေ့အသက်ကိုပါ ချက်ချင်း ခံစားမိသည်။

မြန်ဆန်လွန်းသည့် အဖြစ်အပျက်ကို မယုံနိုင်စွာဖြင့်ငေးကြည့်နေမိသည့် သူမ မျက်လုံးအစုံက ၀ိုင်းစက်နေကာ အမြင်အားရုံများက ဝေဝါးသွားသည်။

မျက်၀န်းများမှ ပါးပြင်တစ်လျှောက်စီးကျလာသည့် မျက်ရည်စများ၊ နှုတ်ခမ်းပေါ်မှ အထိအတွေ့ကြောင့် ဖြစ်ပေါ်လာသည့် ရင်ခုန်ကြည်နူးစရာများက သူမ ခံတွင်းထဲသို့ ချဉ်းနင်း၀င်ရောက်လာသည်။

အနည်းငယ် ငန်ကျိကျိ ဖြစ်နေသည့် အရသာနှင့်အတူ ရင်ထဲ၌ ဖော်မပြတက်သည့် ခံစားမှုတို့က ရောထွေးပေါင်းစပ်သွားကာ သူမ ရင်ခုန်သံများ မြန်ဆန်လာတော့သည်။

Huo YanXiao မှာ သူမ အား ခပ်မြန်မြန်အနမ်းတစ်ပွင့် ခြွေလိုက်ရန်သာ စိတ်ကူးခဲ့ခြင်းဖြစ်သည်။ ကာလရှည်ကြာစွာ မောင်နှမများအဖြစ်သာ ရှိနေခဲ့သည့် သူတို့၏ဆက်ဆံရေးမှ ဇနီးမောင်နှံများအဖြစ်သို့ ရုတ်တရက် ပြောင်းလဲသွားသည့် အခြေအနေကို လက်ခံရန် အချိန်ယူရဦးမည်ဖြစ်သည်။

သို့သော် စွဲမက်ဖွယ်ကောင်းအောင် ချိုမြိန်နေသည့် သူမနှုတ်ခမ်းလေးကြောင့် သူ အံ့အားသင့်သွားရသည်။ တွေးထင်ထားဖူးသည်ထက် အဆပေါင်းများစွာ သာလွန်နေကာ ထိုအထိအတွေ့၌ စီးမျောနေမိတော့သည်။

အချိုဆိုလျှင် မကြိုက်သည့် Huo YanXiao မှာ ယခု သူခံစားမိသည့်အရာကို လုံး၀ငြင်းဆန်နိုင်စွမ်းမရှိတော့သည်အထိ သူမ အနမ်းတွင် ကျရှုံးသွားရတော့သည်။ အပေါ်ယံထိတွေ့မှုကလေးနှင့် မတင်းတိမ်နိုင်တော့ဘဲ နောက်တစ်ဆင့်တက်ရန် သူ စိတ်လောနေမိပြီ ဖြစ်သည်။

သူ၏ အာရုံနှင့် ကိုယ့်ကိုယ်ကိုယ် ချုပ်တီးနိုင်စွမ်းများက သူမ ကြောင့် ပျက်ပြယ်သွားရပြီဖြစ်သော်လည်း Huo YanXiao ကိုယ်တိုင်က ကျေနပ်စွာဖြင့် သာယာနေမိတော့သည်။

သူမ ပခုံးပေါ်၌ရှိနေသည့် လက်တစ်ဖက်က Nie AnAn ၏ ခေါင်းနောက်ကို ထိန်းကိုင်ထားလိုက်ကာ ကျန်လက်တစ်ဖက်က သူမ ခါးပေါ်သို့ အလိုလိုရွေ့သွားသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now