အခန်း (၅၆)

9.5K 1.2K 20
                                    

Unicode

Qin မိသားစုနှင့် Nie အုပ်စုတို့ကြား လက်ထပ်ထိမ်းမြားရန် သဘောတူညီချက်ရှိနေသော်လည်း ယခုချိန်ထိ Nie ChengFeng က Qin ZiYi အား လက်ထပ်ရန် စိတ်ကူးမရှိသေးပေ။

အကယ်၍ သူမသာ Nie ChengFeng ၏ညီမဖြစ်လာခဲ့လျှင် Qin မိသားစုနှင့် လက်ထပ်မင်္ဂလာပွဲ အထမြောက်နိုင်လိမ့်မည်ဖြစ်သည်။

သဘောတူညီချက်ထဲတွင် Qin ZiMing ကိုသာ လက်ထပ်ရမည်ဟု အတိအလင်းမဖော်ပြထားသဖြင့် Huo YanXiao ကို လက်ထပ်ဖို့ရွေးချယ်လျှင်လည်း အတူတူပင်ဖြစ်သည်ဟု ဆိုနိုင်သည်။

သို့သော်လည်း အရေးကြီးသည့်အချက်မှာ Huo YanXiao သည် Qin Hai ၏ တရားမဝင်သား သာ ဖြစ်နေသေးသဖြင့် သူမတို့၏မင်္ဂလာပွဲကို နှစ်ဖက်မိဘများက သဘောတူမည်၊ မတူမည်ကို မခန့်မှန်းတတ်ပေ။

ရှုပ်ထွေးပွေလီလှသည့် ထိုအကြောင်းများကို စဉ်းစားရင်းနှင့်ပင် လူက ဖျားချင်သလိုလို ဖြစ်လာသည်။

ထို့ပြင် Huo YanXiao ၏ ရေချိုးပြီးအပေါ်ပိုင်းအင်္ကျီချွတ်နှင့် ရှိနေစဉ်က ပုံရိပ်အချို့က ခေါင်းထဲ၌ရောက်လာပြန်သဖြင့် မျက်နှာတစ်ခုလုံးနီရဲတက်သွားသည်။

' မဖြစ်ဘူး... မဖြစ်ဘူး။ ကိုယ့်အစ်ကိုကို ဘယ်လိုတွေ စဉ်းစားနေတာလဲ။"

ပေါက်တက်ကရအတွေးများကြောင့် လူတစ်ကိုယ်လုံးပူအိုက်လာသကဲ့သို့ ခံစားမိသည်။ ထို့ကြောင့် လေအေးရအောင် လက်ဖြင့် အသာအယာယပ်ခပ်ရင်း သူမ အပေါ်တွင် ညီမအရင်းသဖွယ် စောင့်ရှောက်ဆက်ဆံခဲ့သည့် Huo YanXiao ၏ အပြုအမူများကို ပြန်အမှတ်ရလာမိသည်။

မရိုးမသားတွေးနေမိသည့် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ရင်း စောင်ထဲ၌ပြန်ခွေကာ အိပ်ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း အိပ်မပျော်နိုင်ဘဲ ရှိနေကာ အိပ်ရာထက်၌ လူးလွန့်နေမိသည်။ မည်သို့ပင် ကြိုးစားစေကာမူ အစ်ကိုဖြစ်သူ၏ဆွဲဆောင်မှုရှိလွန်းလှသည့် ထိုအတွေးပုံရိပ်များက ခေါင်းထဲမှထုတ်မရနိုင်ဘဲ ရှိနေသည်။

ဘယ်လိုမှမရတော့သည့် နောက်ဆုံးတွင် အခန်းတံခါးဖွင့်ကာ ရေသောက်ရန် အောက်ထပ်သို့ နောက်တစ်ကြိမ်ပြန်ဆင်းသွားတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now