အခန်း (၆၀)

9.5K 1.2K 52
                                    

Unicode

"မွ"

ရုတ်တရက်ဆိုသလို Huo YanXiao ပါးပေါ်သို့ အနမ်းတစ်ပွင့် ရောက်လာသည်။

"Good night နော်၊ ကိုကြီး။"

ဟုပြောပြီးနောက် ထိုနေရာမှ သူမ ထွက်ပြေးသွားတော့သည်။

(T/N : နမ်းလည်း နမ်းဖြစ်တယ်၊ Good night လို့လည်း ပြောလိုက်တယ်။ သိပ်တော်တဲ့ AnAn ကွ 😎)

ဆွံ့အသွားမိသည့် Huo YanXiao တစ်ယောက် မြင်ကွင်းထဲမှ သူမပုံရိပ်ကလေး ပျောက်ကွယ်သွားသည့်တိုင်အောင် ထိုနေရာ၌ ငြိမ်သက်နေမိသည်။ သူမ၏ အပြုအမူကြောင့် တအံ့တဩဖြစ်နေသည့် သူ၏မျက်လုံးများက အချိန်ခဏကြာသည့်အခါမှသာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။

နူးညံ့နေသည့် သူမ နှုတ်ခမ်းသားမှ ချန်ရစ်ခဲ့သည့် စိုစွတ်မှုတစ်ချို့ က သူ့ပါးပေါ်တွင် ရှိနေဆဲဖြစ်သည်။ ထိုအချိန်၌ သူ မသိလိုက်ခင်မှာပင် ထိုနေရာတစ်ဝိုက်လုံးကို သူ၏လက်များက အသာအယာ ပွတ်သပ်နေမိပြီ ဖြစ်သည်။

ရေချိုးပြီးခါစ လတ်ဆတ်သင်းပျံ့နေသည့် ချိုမြိန်သောရနံ့တို့က သူ့အနားတစ်ဝိုက်တွင် စွဲထင်ကျန်ရစ်သည်ကို သူခံစားမိသွားသည်။

***

Nie AnAn မှာ သူ့အခန်းမှပြေးထွက်လာပြီးနောက် သူမ အခန်းသို့ရောက်သည်အထိ ခြေကုန်သုတ်ပြေးလာခဲ့သဖြင့် နှလုံးခုန်နှုန်းများက ပုံမှန်ထက်မြန်ဆန်နေသည်။

သူမ ပါးနှစ်ဖက်မှာ ရင်ခုန်စိတ်လှုပ်ရှားလွန်း၍လား၊ သို့မဟုတ် ရှက်စိတ်များကြောင့်လားမသိ နီရဲတွတ်နေကာ သူမ နားရွက်ဖျားကလေးများပင် ပန်းနုရောင်သမ်းနေပြီ ဖြစ်သည်။

'အား!!! ငါ့အစ်ကိုကို နမ်းလိုက်မိပြီ။ ပါးမှာပဲ နမ်းတယ်ဆိုရင်တောင်မှ နမ်းတာပဲလေ။

နောက်တစ်ခါကျရင် ဘယ်နေရာမှာ နမ်းမလဲဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး!!!'

(T/N - ရှင်လေးက နောက်တစ်ခါနမ်းဖို့တောင် တွေးနေပြီပေါ့၊ အကြံကြီးလိုက်တာရှင် 😂)

ထိုညက ခါတိုင်းနှင့်မတူဘဲ သူမ ဘယ်လိုပင်ကြိုးစားနေပါစေ အိပ်မပျော်နိုင်ဘဲ ရှိနေတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now