အခန်း (၃၈)

10.3K 1.4K 16
                                    

Unicode

ထိုအချိန်၌ သူမစိတ်ထဲတွင် အတွေးတစ်ခု ရုတ်တရက်ဆိုသလို ပေါ်လာသည်။ ဝတ္ထုစာအုပ်ထဲ၌ ရေးထားသည်မှာ Huo YanXiao သည် နိုင်ငံခြားခရီးစဉ်တစ်ခုမှ ဗိုင်းရပ်ရောဂါပိုး  ကူးစက်ခံရခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ သို့သော်လည်း Huo YanXiao အကြောင်းဖော်ပြထားသည့် ဇာတ်သိမ်းပိုင်းကိုမကြိုက်သဖြင့် ဤအခန်းကို အသေးစိတ်ဖတ်ခဲ့ခြင်းမရှိဘဲ သူမ ကျော်ခွဖတ်လိုက်သည်။ ထို့ကြောင့် သူသေသည့်အကြောင်းကို ဖတ်ခဲ့စဉ်က ထူးထူးခြားခြားစဉ်းစားမိသည့် အချက်မျိုးမရှိပေ။

ထိုကိစ္စနှင့်ပတ်သတ်သမျှအရာများကို ယခုအလေးအနက်ထား၍ စဉ်းစားကြည့်သည့်အခါ ထူးဆန်းနေသည့် အချက်တစ်ချို့ ကို တွေးမိသွားသည်။

'စာအုပ်ထဲမှာရေးထားတဲ့အတိုင်းဆိုရင် Huo YanXiao နဲ့ သူ့အတွင်းရေးမှူးက နိုင်ငံခြားကို အတူတူသွားခဲ့တယ်၊ ဒါပေမဲ့ ဘာလို့သူတစ်ယောက်ပဲ ရောဂါကူးစက်ခံရတာလဲ။ ပြီးတော့လည်း သူ့ကိုဆေးရုံတင်တဲ့အချိန်မှာ ကွာရန်တင်းမလုပ်ထားဘူးလို့ စာရေးသူက အတိအကျရေးပြထားတော့ ဒီဗိုင်းရပ်က လေကနေတစ်ဆင့် မကူးစက်ဘူးလို့ ယူဆနိုင်တယ်။ ဒါဆိုရင် ဒီရောဂါက သွေးကတစ်ဆင့်ပဲ ကူးစက်နိုင်တာများ ဖြစ်နေမလား။'

ထိုအခန်းကို ဖတ်ခဲ့စဉ်က သူမ စိတ်အကြီးအကျယ်ပျက်ကာ ဒေါသထွက်ခဲ့ရသည်။ စာရေးဆရာဖြစ်သူမှာ ဇာတ်လိုက်မင်းသားနှင့် မင်းသမီးတို့နှစ်ဦး ပျော်ရွှင်စွာပေါင်းဖက်နိုင်ရေးအတွက် Huo YanXiao ဇာတ်ကောင်ကို မြန်မြန်ဆန်ဆန် အဆုံးသတ်လိုက်ခြင်းဖြစ်မည်ဟု ခံစားမိခဲ့သည်။ သို့သော်လည်း ယခု လေးလေးနက်နက် တွေးကြည့်သည့်အခါ ထိုအဖြစ်အပျက်နောက်ကွယ်၌ သူမ မသိသေးသည့် အကြောင်းကိစ္စများ ရှိနေနိုင်မည်ဟု ခန့်မှန်းမိလာသည်။

'နိုင်ငံခြားခရီးစဉ်မှာတုန်းကများ မိန်းမကိစ္စနဲ့ အပျော်အပါးလိုက်စားမိလို့ သွေးကတစ်ဆင့် ဗိုင်းရပ်ကူးသွားတာလား။'

Huo YanXiao ၏ နဂိုဗီဇမှာ သီးသန့်နေထိုင်လိုသူ၊ လူစိမ်းများနှင့် ရောရောနှောနှော နေလေ့မရှိသဖြင့် ထိုအချက်မှာ ပို၍ မဖြစ်နိုင်သည့် အချက်ပင်ဖြစ်သည်။ ထို့ကြောင့် ထိုအချက်ကိုဘေးဖယ်လိုက်ကာ သူ၏စီးပွားပြိုင်ဘက်များနှင့်ပတ်သတ်၍ စဉ်းစားမိပြန်သည်။ ထိုအချိန်တုန်းက သူ၏စီးပွားရေးလုပ်ငန်းများမှာ တိုးတက်ပွားများနေဆဲဖြစ်ပြီး သူ့ဘဝ၏ အအောင်မြင်ဆုံး အခိုက်အတန့်လည်းဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now