အခန်း (၃)

11.9K 1.4K 3
                                    

Unicode

ဝတ္ထုစာအုပ်ထဲတွင် ရေးသားထားသည့် ဤအခန်းအကြောင်းကို ဖတ်ရသည့်အခါ Nie AnAn တစ်ယောက် စိတ်မချမ်းသာ ဖြစ်ခဲ့ရသည်။ ဤကဲ့သို့ စဉ်းစားဉာဏ်နည်းပါးလှသည့် မိန်းကလေးမျိုး ကမ္ဘာပေါ်တွင် ရှိနေသည် ဆိုသည့်အချက်က စိတ်ပျက်စရာကောင်းလှသည်။ သို့တိုင်အောင် ကံတရား၏ ကျီစယ်မှုဖြင့် တစ်နေ့တွင် ဤကဲ့သို့သော ဇာတ်ကောင်တစ်ယောက်အဖြစ် ရှင်သန်ရလိမ့်မည်ဟူသော အတွေးမျိုးမှာ သူမအဖို့ လုံးဝမစဉ်းစားခဲ့ဖူးသည့် အရာဖြစ်သည်...

ကလပ် အတွင်းပိုင်းသို့ သူမ လျှောက်လာရင်း စားပွဲထိုးတစ်ယောက်နှင့် တွေ့လေသည်။ ထိုသူမှ သူမကိုမြင်သည်နှင့် ချက်ချင်းပင် "အစ်မ Nie၊ ကျွန်တော်တို့ ကလပ်မှာ အစ်မရှာနေတဲ့သူ မရှိပါဘူး ခင်ဗျာ။"ဟု တုန်တုန်ယင်ယင် ပြောလေသည်။ ထိုစားပွဲထိုး၏ အပြောကြောင့် သူမရုတ်တရက် တွေဝေသွားသည်။

ခဏအကြာ၌ စားပွဲထိုးဖြစ်သူအား စကားပြန်ပြောရန်ပြင်လိုက်သည့်အခါ ထိုသူမှာ ကြောက်ဒူးတုန်နေပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားကို တွေ့လိုက်ရသည်။

ထို့နောက် ဓာတ်လှေကားရှိရာသို့ညွှန်ပြရင်း ပြောပြသည်မှာ “ Mr. Mr. Qin က တတိယ...တတိယထပ်က သီးသန့်အခန်း နံပါတ်၃၀၂မှာပါ ... ။

သူမ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်စ လင်းလက်သွားသည်။ သူမ၏ နာမည်ဆိုးနှင့်ကျော်ကြားနေမှုတို့က ဤမျှလောက် အစွမ်းရှိနေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

သီးသန့်အခန်းနံပါတ် ၃၀၂ရှေ့သို့ ရောက်လာသည့်အခါ အခန်းတံခါးကို ခြေဖြင့် တွန်းကန်ရန် သူမခန္ဓာကိုယ်အတွင်းမှ စေ့ဆော်မှုတစ်ခုကို ခံစားရမိသည်။ သို့သော်လည်း သူမ တံခါးကို အသာအယာသာ ခေါက်လိုက်သည်။

ထိုအခန်းထဲမှ “ဝင်ခဲ့။” ဟူသည့် ကြည်လင်ပြတ်သားသော အမျိုးသားတစ်ယောက်အသံ ထွက်လာသည်။

Nie AnAn တံခါးဖွင့်၍ အခန်းတွင်းထဲ၀င်လိုက်သည့်အခိုက်အတန့်တွင် တံခါးလာဖွင့်သူ လူငယ်လူရွယ်တစ်ယောက်နှင့် အကြည့်ချင်း ဆုံမိသွားသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now