အခန်း (၁၀၇) - Bonus

6.9K 673 11
                                    

Unicode

ထို့အတူ နောက်ဆက်တွဲရရှိသည့် Huo YanXiao ၏သတင်းများကို ထိုပေ့ချ်မှ ဖော်ပြထားသည်မှာ - ပွဲနေ့မတိုင်ခင်နေ့၌ မနက်စောစောကတည်းကပင် Huo YanXiao အလုပ်မှ ပြန်သွားပြီဖြစ်သည်။

ထို့နောက် မည်သူနှင့်မှ တွေ့ဆုံခြင်းမရှိတော့ဘဲ အစားအသောက်များကိုလည်း အခန်းထဲသို့ပို့ရန်သာ ဟိုတယ်ဝန်ထမ်းများအား မှာခဲ့သည်။ ထို့ပြင် အဖျားကျဆေးများလည်း တောင်းခဲ့ကြောင်းကို Huo YanXiao တည်းနေသည့်ဟိုတယ်မှ သတင်းပေးလာသည်။

ထို့ကြောင့် Huo YanXiao သည် ထိုနေ့ နေ့လည်ကတည်းကပင် ဖျားနေခြင်းဖြစ်ကာ ကိုယ်ပူရုံမှလွဲ၍ အခြားမသင်္ကာဖွယ်ရာ မည်သည့်ရောဂါလက္ခဏာကိုမှ ခံစားခဲ့ခြင်းမရှိသဖြင့် ရိုးရိုးသာမန် နေမကောင်းဖြစ်ခြင်းဟုသာ သူ မှတ်ယူထားလိုက်ပုံရသည်။

မကြာမီမှာပင် Huo YanXiao ရှိနေသည့် ဆေးရုံမှ အမည်မဖော်လိုသူ ၀န်ထမ်းတစ်ယောက်က သတင်းပေးလာပြန်သည်။

Huo YanXiao ၏ အခြေအနေမှာ ပုံမှန်မဟုတ်သဖြင့် သူ့အား သီးသန့်ဖယ်ထုတ်ကာ ကွာရန်တင်းထားလိုက်ရပြီဖြစ်ကြောင်း၊ သူ့ထံမှ အခြားသူများအား ရောဂါကူးစက်သွားနိုင်ခြေရှိနေ၍ ယခုကဲ့သို့လုပ်လိုက်ရကြောင်း စသည့် သတင်းများပင်ဖြစ်သည်။

ထိုသတင်းထွက်လာပြီး ချက်ချင်းပင် လူအများ၏ သုံးသပ်မှုအမျိုးမျိုးတို့က အင်တာနက်ပေါ်တွင် ပွက်လောရိုက်သွားရပြန်သည်။

Huo YanXiao သည် ယခင်က "ရွှေအင်းလေး" ရှိုးအစီအစဉ်တွင် လျှို့၀ှက်ဧည့်သည်တော်တစ်ယောက်အဖြစ် ပါ၀င်ခဲ့ဖူးသည်။ သူ၏ တည်ကြည်ခန့်ညားလှသည့် ရုပ်ရည်သွင်ပြင်ကြောင့် ကြည့်ရှုသူများ၏ အာရုံကို ဖမ်းစားထားနိုင်ခဲ့ပြီး ပရိတ်သတ်အများအပြား ရရှိခဲ့သည်။

ထို့ကြောင့် Huo YanXiao ၏ သတင်းကို ကြားလိုက်ရသည့်အခါ သူ့ပရိတ်သတ်များအားလုံး စိတ်မကောင်း ဖြစ်သွားကြတော့သည်။

"ကိုကြီး Huo ရောဂါပိုး ကူးစက်ခံထားရတယ် ဆိုတဲ့သတင်းကို ငါလုံး၀မယုံဘူး! ကိုကြီး နေပြန်ကောင်းလာတဲ့အထိ စောင့်နေမယ်။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now