အခန်း (၃၉)

10.3K 1.4K 8
                                    

Unicode

ထိုအချိန်၌ သူမ ခဏလောက်တွေဝေသွားသည်။ အကြိမ်ကြိမ်အခါအခါ စဉ်းစားပြီးသည့်နောက်၌ သူ၏ Friend request ကိုလက်ခံရန် ဆုံးဖြတ်လိုက်သည်။

လက်ခံသည့်ခလုတ်ကို နှိပ်လိုက်သည်နှင့်ချက်ချင်း တစ်ဖက်လူထံမှ မက်ဆေ့ချ်ရောက်လာသည်။

"AnAn ရေ ကျွန်တော် Nie ChengFeng ပါ။ အခု AnAn ကို ဆက်သွယ်ရတဲ့အကြောင်းရင်းကတော့ ကျွန်တော်အဖိုးကြောင့်ပါ။ အဖိုးရဲ့ ကျန်းမာရေးအခြေအနေက သိပ်မကောင်းလို့ ဆရာဝန်က သူ့ကို ကောင်းကောင်းအနားယူပြီး အားဖြည့်စေချင်တယ်။ အဲ့တာကြောင့် အဖိုးအတွက် အာဟာရဗေဒပညာရှင်တစ်ယောက်ကို အလုပ်ခန့်ဖို့ ကျွန်တော်က လိုက်ရှာနေတာ။ ဒါပေမဲ့ ကျွန်တော့မိဘတွေက 'ရွှေအင်းလေး' ရှိုးအစီအစဉ်ကို ကြည့်ပြီးတော့ AnAn ကို သဘောကျသွားလို့ပါ။ ဒီတော့ အဆင်ပြေမယ်ဆိုရင် အဖိုးအတွက် ခံတွင်းတွေ့စေမယ့် အစားအသောက်တွေကို အိမ်မှာချက်ပြုတ်ပေးဖို့ အကူအညီတောင်းချင်ပါတယ်ဗျာ။"

သူ့ထံမှ မက်ဆေ့ချ်ကို တွေ့လိုက်ရသည့်အခါ သူမ အနည်းငယ် တွေဝေသွားသည်။

အကယ်၍ မူလဇာတ်ကောင် Nie AnAn သာ Nie မိသားစုသည် သူမ၏မိဘများဖြစ်ကြောင်းကိုသာသိလျှင် Nie အုပ်စုနှင့် သူမ၏ပတ်သတ်ဆက်နွယ်မှုအမှန်ကို ဖော်ထုတ်မည်ဖြစ်သည်။ သို့သော်လည်း သူမသည် မူလဇာတ်ကောင် Nie AnAn မဟုတ်သည့်အတွက် လက်ရှိဘဝကိုသာ သဘောကျနှစ်ခြိုက်လေသည်။

'Nie အိမ်တော်မှာ အဝင်အထွက်လုပ်လိုက်ရင် ငါက Nie မိသားစုနဲ့ပတ်သတ်နေတယ် ဆိုတာကိုများ သိသွားကြမလား။'

'ပြီးတော့လည်း Huo YanXiao ကအမြဲတမ်း တစ်ယောက်ပဲနေတာ။ အဲ့ဒါကြောင့် သူသေသွားတော့ အနားမှာ ဘယ်သူမှမရှိဘူးလို့လည်း စာအုပ်ထဲမှာ ရေးထားတယ်။'

Huo YanXiao အနေဖြင့် သူ၏စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် နေ့နေ့ညည ကြိုးစားခဲ့သည်မှာ ငွေမက်၍မဟုတ်ဘဲ အလုပ်ကြိုးစားမှသာ အောင်မြင်မည်ဟူ၍ ခံယူထားသည့် သူ၏ခံယူချက်ကြောင့်ဖြစ်သည်။ ထိုအကြောင်းကို Huo YanXiao ၏ငယ်ဘဝနှင့်ပတ်သတ်၍ စာရေးဆရာ ရေးသားခဲ့စဉ်က သူမ သိခဲ့ရခြင်းဖြစ်သည်။ ငယ်စဉ်ကတည်းပင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကာ ကြိုးစားအားထုတ်ခဲ့ရသည့်သူ့အတွက် ဇွဲ၊ လုံ့လ၊ ဝီရိယတို့က အဖော်ကောင်းပင် ဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now