အခန်း (၁၁)

11.4K 1.4K 0
                                    

Unicode

မှန်ထဲမှ သူမ ရုပ်ကို တွေ့သည့်အခါ အံဩသွားရသည်။

Tattoo မရှိ မိတ်ကပ်ကင်းစင်နေသည့် သူမ နဂိုမျက်နှာက ကြည်လင်ရှင်းသန့်နေသည်။

သူမပါးပြင်နှင့် နဖူးတို့က အနည်းငယ် နီရဲနေသော်လည်း သူမနဂိုမူလရုပ်၏ ချောမောလှပမှုကို အနည်းငယ်မျှပင် မှေးမှိန်သွားစေခြင်း မရှိပါ။ 

သူမ မျက်နှာက ပုံမှန်မြင်တွေ့နေကျဖြစ်သည့် ချွန်ချွန်ရှည်ရှည်မျိုးမဟုတ်ဘဲ မျက်နှာကျ ဝိုင်းသည်။ ကြည်လဲ့လဲ့မျက်ဝန်းများက အနက်ရောင်ဖြစ်ပြီး တောက်ပနေသည်။

သူမနှာခေါင်းချွန်ချွန်ကလေးက သေးသွယ်ရှည်လျားပြီး နှုတ်ခမ်းကလေးများက ပြည့်ပြည့်မောက်မောက် ရှိနေသဖြင့် ရိုးသားမှုနှင့် ဆွဲဆောင်မှုတို့ပေါင်းစပ်ထားသည့် အလှမျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ နဂိုမူလပိုင်ရှင်ဖြစ်သူ၏ ရုပ်ရည်မှာ ဤမျှလောက် ဆွဲဆောင်နိုင်စွမ်းရှိလိမ့်မည်ဟု Nie AnAn ထင်မှတ်မထားခဲ့ပေ!

'ဒီလောက်ချစ်စရာကောင်းတဲ့ မျက်နှာကို မိတ်ကပ်ထူလဗျစ်ကြီးဖို့ပြီး စိတ်ပျက်စရာ tattoo ပုံစံနဲ့ ဖျက်ဆီးပစ်တယ်။ သူပြင်ထားတဲ့ရုပ်က အော်ငိုနေတဲ့ကလေးတောင် လန့်ပြီး အငိုရပ်သွားနိုင်တဲ့ ရုပ်မျိုး!ဒါကြောင့်လည်း အားလုံးက သူ့ရုပ်ကို ကြောက်စရာကောင်းတယ်လို့ ပြောနေကြတာကိုး။'

သူမ စဉ်းစားခန်းဖွင့်နေစဉ်တွင် ဖုန်းသံမြည်လာသည်။

ဖုန်းခေါ်သူမှာ Cucumber ဖြစ်ပြီး "မမလေး၊ အခုနက ဘောစ့် ဖုန်းခေါ်တယ်။ Master Chen သားက တိုက်ပေါ်က ခုန်ချသွားလို့ နောက်ဆက်တွဲကိစ္စတွေကို ဖြေရှင်းဖို့ ပြောလိုက်ပါတယ်။"

သူမ တစ်စက္ကန့်ခန့်မျှ ငြိမ်သက်သွားကာ ဖြစ်ပျက်နေသည်များကို ချိန်ထိုးသုံးသပ်ပြီးနောက်

"ကောင်းပြီ။ ငါ့ကိစ္စပြီးသွားပြီဆိုတော့ အခုချက်ချင်း အဲ့ဒီနေရာ သွားကြမယ်။"

သူမဖုန်းချကာ လမ်းနံဘေးတွင် ရပ်ထားသည့်ကားဆီသို့ လျှောက်လာခဲ့သည်။ သူမရောက်လာချိန်တွင် Cucumber ကားစက်နှိုးလိုက်သည်။ ကားထဲသို့ဝင်လိုက်သောအခါ Huo YanXiao ကိုမတွေ့သဖြင့်

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now