အခန်း (၄၆)

9.9K 1.2K 19
                                    

Unicode

Nie AnAn မှာ သူ့အကြည့်ကြောင့် အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

'င့ါအပေါ်မှာ အခုထိတောင် မယုံကြည်နိုင်သေးဘူး။'

'ငါက ဒီဝတ္ထုထဲကို မရောက်လာသေးခင်မှာတောင် အသက် ၁၈ နှစ်ပြည့်ပြီးနေပြီ၊ အဲ့ဒီတော့ ငါက ကလေးမှမဟုတ်တော့တာ။'

ထိုသို့တွေးရင်း သူမ အရွယ်ရောက်ပြီဖြစ်ကြောင်းကို သက်သေပြရန်အတွက် တီဗီရီမုတ်ကို ကောက်ယူလိုက်သည်။ ထို့နောက် နိုင်ငံခြား အချစ်ဇာတ်ကားများပြလေ့ရှိသည့် တီဗီရုပ်သံလိုင်းတစ်ခုကို အလျင်အမြန်ရှာကာ ခလုတ်နှိပ်လိုက်သည်။ 

သို့သော် သူမ ဖွင့်လိုက်သည့်ရုပ်ရှင်က ၅မိနစ်မပြည့်ခင်မှာပင် ပွေ့ဖက်နမ်းရှုပ်သည့် ဇာတ်ဝင်ခန်းများအဖြစ် ပြောင်းသွားတော့သည်။ မမျှော်လင့်ထားသည့် အခြေအနေကြောင့် သူမ နေရထိုင်ရခက်သွားသည်။ ဆက်ကြည့်ရန်လည်း မသင့်တော်၊ ပိတ်လိုက်လျှင်လည်း သူမ လူကြီးဖြစ်ကြောင်းကို သက်သေပြရန် မဖြစ်နိုင်တော့သည့် သူမ အခြေအနေက 'ရှေ့မတိုး၊ နောက်မဆုတ်သာ' ဖြစ်နေသည်။

ထိုအချိန်၌ သူမ မြင်ကွင်းရှေ့သို့ လက်တစ်ဖက်ရောက်လာကာ မျက်လုံးများကို ပိတ်လိုက်သဖြင့် သူမ အမြင်အာရုံတစ်ခုလုံး အမှောင်ကျသွားသည်။ တစ်ဆက်တည်းမှာပင် ဩဇာသံညောင်းလှသည့် သူ၏အသံကို ကြားလိုက်ရသည်။

"ဒီလိုကားမျိုးတွေက ကလေးတွေကြည့်ဖို့အတွက် မသင့်တော်ဘူး။"

ထိုဇာတ်ဝင်ခန်းများ ပြီးဆုံးသည့်အချိန်အထိ သူမ မျက်လုံးများကို သူ့လက်ဖြင့်ကာထားလိုက်သည်။ ထို့နောက်မှသာ လက်ပြန်ချလိုက်ကာ ကာတွန်းဇာတ်လမ်းများပြသသည့် ရုပ်သံလိုင်းဘက်သို့ ခလုတ်ပြောင်းနှိပ်လိုက်သည်။

Nie AnAn “……”

အစ်ကိုဖြစ်သူကို မလွန်ဆန်နိုင်သည့် သူမ အနေဖြင့် ထိုမနက်ခင်းတစ်ခုလုံး ကာတွန်ကားများကိုသာ ကြည့်ရသဖြင့် မျက်နှာစူပုပ်ပုပ်ကလေး ဖြစ်နေတော့သည်။

နေ့လည်စာစားပြီးကြသည့်အခါ သူမ၏ပုံစံက လန်းလန်းဆန်းဆန်းမရှိသဖြင့် အခန်းသို့ပြန်စေကာ နေ့ခင်းတရေးအိပ်ခိုင်းလိုက်သည်။ Huo YanXiao မှာ ပင်ကိုယ်ကပင် နေ့လည်ခင်း၌ အနားယူလေ့မရှိဘဲ အလုပ်ကိုသာ တစိုက်မတ်မတ်အချိန်ပေးတတ်သူ တစ်ယောက်ဖြစ်သည့်အတွက်
မပြီးမပြတ်သေးသည့်အလုပ်များကို လက်စသတ်ရန် စာကြည့်ခန်းသို့ သွားလိုက်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now