အခန်း (၁၀၁)

7.6K 809 5
                                    

Unicode

Huo YanXiao သူ့တစ်ဘဝလုံးရှာဖွေ စုဆောင်းထားသမျှ ပစ္စည်းဥစ္စာများကို Nie AnAn နှင့် အေးအတူပူအမျှ သုံးစွဲချင်သည်။ အကယ်၍ မတော်တဆမှုတစ်ခုကြောင့် ရုတ်တရက် သူသေဆုံးသွားခဲ့သည့်တိုင် သူ၏ပိုင်ဆိုင်မှုအားလုံးကို သူမ တစ်ယောက်တည်းကသာ ခံစားခွင့်ရှိရမည်။

"ဘာဖြစ်လို့လဲ ကိုကြီး"

မင်္ဂလာဓာတ်ပုံရိုက်ရန်အတွက် သူမ လက်ကို မြဲမြဲဆုပ်ကိုင်ထားသည့် Huo YanXiao နောက်သို့ လိုက်သွားချိန်၌ ကိုယ့်ကိုယ်ကိုယ် အိပ်မက်မက်နေသူ တစ်ယောက်ပမာ Nie AnAn ခံစားနေမိသည်။ ယခုကြုံတွေ့နေရသည့် အခြေအနေများ၏ အပြောင်းအလဲက မြန်ဆန်လွန်းလှကာ သူမ လိုက်၍ပင် မမှီတော့။

"မင်းအတွက် လုံခြုံစိတ်ချရတဲ့ဘဝတစ်ခု ဖန်တီးပေးချင်လို့။"

ထိုသို့ ပြောရင်းနှင့်ပင် သူမ ခေါင်းကလေးကို အသာအယာ ပုတ်လိုက်သည်။

သူမတို့နှစ်ယောက် ဓာတ်ပုံရိုက်မည့်အခန်းဝ၌ ကန့်ထားသည့် ခန်းဆီးလိုက်ကာကိုဖယ်၍ အထဲသို့ ၀င်လာသည့်အခါ စောစောက အနည်းငယ်ပြုံးနေသယောင်ထင်ရသည့် သူ၏မျက်နှာက ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားသည်။

နူးညံ့ကြင်နာနေသည့် အရိပ်အယောင်များက Huo YanXiao ၏မျက်၀န်းမှ ချက်ချင်းပျောက်ကွယ်သွားကာ အေးစက်စက် အကြည့်များက အစားထိုး နေရာယူသွားပြန်သည်။

ယခင်အတိတ်ဘ၀တုန်းကဲ့သို ကြေကွဲ၀မ်းနည်းဖွယ်ကောင်းသည့် အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်အဖြစ်ခံတော့မည် မဟုတ်။ သူတန်ဖိုးထား မြတ်နိုးရသူများကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားမည်။

အကယ်၍ Huo YanXiao သာ ရုတ်တရက်သေဆုံးသွားခဲ့ပါက သူ၏ပိုင်ဆိုင်မှုအားလုံးကို မထိုက်တန်သူများ တစ်ပြားတစ်ချပ်မှပင် ခံစားခွင့်မရှိစေရန် သူ ကြိုတင်ပြင်ဆင်ထားပြီးပြီဖြစ်သည်။

-----

ဓာတ်ပုံရိုက်ရန် အသင့်ပြင်ပေးထားသည့် ထိုင်ခုံ၌ သူမတို့နှစ်ယောက် ၀င်ထိုင်လိုက်သည်။ Nie AnAn မှာ ဟိုတယ်မှ ထွက်လာစဉ်ကတည်းက အ၀တ်စားလဲထားပြီးပြီဖြစ်သည်။ သို့သော်လည်း သူမ ဆံပင်အပြင်အဆင်မှာ မနက်ကအတိုင်းပင် ရှိနေဆဲဖြစ်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now