အခန်း (၁၁၅)

6.8K 753 14
                                    

Unicode

အတိတ်ဘဝအကြောင်းကို ပြန်မြင်နေသည့် ထိုအိပ်မက်ထဲတွင် သူ၏ ကိုယ်ခန္ဓာမှာ ဆေးရုံခုတင်ပေါ်တွင် လဲလျောင်းနေလေသည်။

မတရားမှုများကို ခါးစည်းခံခဲ့ရသဖြင့် ရင်ထဲမှ အမုန်းတရားတို့က ဖွင့်ထွက်ပေါက်ကွဲချင်ပါသော်လည်း သူ့တွင် ဘာအင်အားမှမရှိ။ ဘာမှ ပြန်မလုပ်နိုင်သဖြင့် ဒီတိုင်းပြန်ကြည့်နေရသည့် အခြေအနေတွင် ရောက်နေသည်။

ကောင်းကင်မှ တလက်လက်ထနေသည့် လျှပ်စီးအလင်းတန်းများနှင့်အတူ မိုးခြိမ်းသံကျယ်ကြီးများက သူ့နားထဲသို့ ရိုက်ခတ်လာသည်။ သို့သော် သူ၏ ခံစားမှု အသိအာရုံများက တဖြည်းဖြည်းဝေဝါးသွားကာ မကြာခင်မှာပင် သူသေဆုံးသွားတော့မည်၊ ဤလောကကြီးမှ ထာဝရပျောက်ကွယ်သွားတော့မည်ကို သူသိနေသည်။

သတိမေ့သွားရန် စက္ကန့်ပိုင်းအလိုမှာပင် သူ၏ စိတ်ဝိညာဉ်ကို အင်အားကြီးမားသည့် ဝဲဂယက်တစ်ခုမှ စွဲစုပ်ယူငင်သွားသကဲ့သို့ ရုတ်တရက် ခံစားမိတော့သည်။

စောစောက ခံစားမှုအသိလွတ်တော့မည့်ဆဲဆဲမှ သူ၏ အာရုံများ ပြန်လည်လှုပ်ရှားအသက်ဝင်လာသည်။ ခေါင်းတစ်ခုလုံး ပေါက်ကွဲလုမတက် နာကျင်လာကာ သူ၏ ခွန်အားများ တဖြည်းဖြည်းပြန်ရလာသည်။

သူ့ခုတင်အရှေ့တွင် Qin ZiMing တို့ သားအမိနှင့်အတူ Qin Hai ကိုပါ တွေ့ရပြီး အားလုံးက သူ၏အခြေအနေကို စောင့်ကြည့်နေကြသည်။ သေဆုံးသွားပြီဖြစ်ကြောင်းကို တွေ့သည့်အခါ သူ့ကုတင်ရှေ့၌ ချုံးပွဲချငိုလေတော့သည်။

ထို့နောက် သူ၏ ရုပ်ကလာပ်အား Qin အိမ်တော်သို့ ပြန်သယ်သွားကြသည်ကို မြင်ရပြန်သည်။ မီးသင်္ဂြိုလ်ပြီးသည့်အခါ ကျန်ကြွင်းသည့် အရိုးပြာများကို Qin မိသားစု အုတ်ဂူ၌ မြေမြုပ်လိုက်ကြသည်။

သူ့အပိုင်ဖြစ်သည့် Huo အုပ်စုကိုလည်း Qin ZiMing လွှဲပြောင်းယူလိုက်ပြီး သူ့ရုံးခန်းထဲ၌ Qin ကတော်နှင့်အတူ ရယ်ရယ်မောမော အောင်ပွဲခံနေကြကာ...

ထို့နောက် သူဘာဆိုဘာမှ မမြင်ရတော့ပေ။ သူ့မျက်လုံးများနောက်ထပ် ပြန်ဖွင့်လာသည့်အခါ ဤအဖြစ်အပျက်များမဖြစ်ခင် တစ်နှစ်အလိုသို့ သူပြန်ရောက်သွားတော့သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now