အခန်း (၅၄)

9.8K 1.2K 65
                                    

Unicode

["ရွှေအင်းလေး" ရှိုးနောက်ကွယ်မှ အမှန်တရား - ယခုထုတ်လွှင့်နေသော အပိုင်းသစ်တွင် ပါဝင်လျက်ရှိသည့် 'လျို့ဝှက်ဧည့်သည်တော်နှစ်ယောက်' ၏ လူမသိသေးသည့်ပတ်သက်ဆက်စပ်မှု]

ထိုပိုစ့်ပိုင်ရှင်မှာ ရုပ်ရှင်ဖျော်ဖြေရေးလောကနှင့်ပတ်သက်သည့် အတင်းအဖျင်းသတင်းများကို အမြဲရေးသားလေ့ရှိပြီး သူ၏သတင်းအများစုမှာ မဟုတ်မှန်သတင်းများသာ ဖြစ်သည်။ ထို့ကြောင့် သူ့ပေချ့်ကို Like လုပ်ထားသူဦးရေမှာ ၁၀,၀၀၀ ကျော်သာရှိသော်လည်း အတင်းအဖျင်းကြိုက်တက်သည့် လူတို့သဘာ၀အရ အားပေးသူပရိသတ်များရှိနေသဖြင့် ပိုစ့်တစ်ခုတင်လျှင်ရသည့် Like နှင့် comment တို့က ပုံမှန်အားဖြင့် ရာကျော်လေးရှိနေသည်။

"ရွှေအင်းလေး"ရှိုးတွင် Huo YanXiao ပါဝင်လာသည့်အချိန်မှစ၍ သူနှင့်ပတ်သက်သည့်သတင်းမှန်သမျှကို လူအများက မျှော်လင့်စောင့်စားနေကြသည်။ ဤကဲ့သို့သောအချိန်တွင် ထွက်ပေါ်လာသည့် ထိုသတင်းမှာ ပိုစ့်တင်ပြီး သုံးနာရီအကြာ၌ အင်တာနက်တခွင် ဆူညံပွက်လောရိုက်သွားတော့သည်။

ထိုပိုစ့်ထဲတွင် "Huo YanXiao နှင့် Qin ZiMing တို့သည် ညီအစ်ကိုတစ်ဝမ်းကွဲများ ဖြစ်နိုင်ချေရှိသည်" ဟူသည့် အကြောင်းကို အချက်အလက်များနှင့် ဖော်ပြထားခြင်းဖြစ်သည်။ သူ၏ဆိုလိုရင်းမှာ Huo YanXiao သည် Qin မျိုးရိုး၊ Qin သွေးပါသူဖြစ်နိုင်သည်ဟူ၍ ကောက်ချက်ချထားခြင်းဖြစ်သည်။

သူ့အနေဖြင့် Qin မိသားစုတွင် ကြီးပြင်းလာရမည့်အစား ကလေကချေတစ်ယောက်အဖြစ်သာ လမ်းမပေါ်၌ ရှင်သန်ခဲ့ရခြင်းသည် လူချမ်းသာမိသားစုများ၏ ဖြစ်လေ့ဖြစ်ထရှိသည့် အိမ်တွင်းရေးပြဿနာများကြောင့် ဖြစ်နိုင်သည်။

ထို့ပြင် အတည်မပြုနိုင်သည့် အခြားသူများ၏တစ်ဆင့်ပြောစကားများအရ Qin ZiMing ၏ဖခင်ဖြစ်သူ Qin Hai သည် ငယ်ရွယ်စဉ်လူပျိုဘဝက Huo JiaQi ဟူသည့် ချစ်သူတစ်ယောက်ရှိခဲ့ဖူးသည်။

Qin Hai သည် သာမန်မိသားစုမှ မွေးဖွားလာခဲ့သူ Huo JiaQi ကို တန်ဖိုးထားမြတ်နိုးပါသော်လည်း မိဘများ၏ဆန္ဒကိုမလွန်ဆန်နိုင်၍ လက်ရှိဇနီးဖြစ်သူနှင့် လက်ထပ်ခဲ့ရသည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now