အခန်း (၃၀)

10.7K 1.3K 1
                                    

Unicode

Nie ChengFeng မီးဖိုချောင်ထဲမှ ထွက်သွားပြီးသည့်နောက်တွင် Li ManGe တစ်ယောက် ဟိုဟိုဒီဒီ တွေးမိသည်။

ပြီးခဲ့သည့်ပါတီပွဲ၌ AnAn ဟူသည့် အမျိုးသမီးတစ်ယောက်နှင့်အတူ Huo YanXiao ပွဲတက်လာကြောင်း Qin ZiYi ပြောပြခဲ့သည်ကို သူမ အမှတ်ရမိသွားသည်။

Huo YanXiao ညီမဖြစ်သူ Nie AnAn မှာ သူမချစ်သူကို အရှက်မရှိဖြတ်ခုတ်ရန် ကြိုးစားခဲ့သူဖြစ်ကြောင်းကိုလည်း သတိရမိသည်။

ယခုလည်း ဤရှိုးအစီအစဉ်၌ နောက်ထပ် Nie AnAn တစ်ယောက် ရှိနေပြန်သည်။ ထို့ကြောင့်

'ဒီ AnAn ကရော Huo YanXiao နဲ့ပတ်သတ်နေတာပဲလား။ ဒါဆိုရင် ဒီ AnAn နှစ်ယောက်က တစ်ယောက်တည်းပဲ ဖြစ်နေမလား။'

အစားအသောက်များအားလုံး ချက်ပြုတ်ပြီးစီးသွားပြီဖြစ်၍ မီးဖိုချောင်ထဲမှ Li ManGe ထွက်လာကာ Qin ZiYi လိုက်ရှာတော့သည်။ ထို့နောက် နှစ်ယောက်သား အေးအေးဆေးဆေး စကားပြောနိုင်ရန်အတွက် ရုံးခန်းထဲသို့ Qin ZiYi ကိုခေါ်သွားလေသည်။ အထဲရောက်သည်နှင့် တံခါးပိတ်လိုက်ကာ

"Xiao Yi၊ ငါတို့အဖွဲ့က Nie AnAn နဲ့ Huo YanXiao က ဘယ်လိုပတ်သတ်နေကြတာလဲ။"

ဟု ချက်ချင်းမေးတော့သည်။

"သူပြောတာတော့ သူ့ကိုယ်သူ အစ်ကို YanXiao ရဲ့ညီမလို့ ပြောတာပဲ။"

ဟု Qin ZiYi က လေးစားအားကျနေသော မျက်လုံးများဖြင့် ပြန်ဖြေသည်။

သူမ အပြောကြောင့် Li ManGe မျက်မှောင်ကြုတ်လိုက်ကာ

"နင် ဘယ်အချိန်ကစပြီး အဲ့ဒီ Huo YanXiao နဲ့ ရင်းရင်းနှီးနှီးဖြစ်သွားရတာလဲ!"

"ဟီးဟီး... ဒါကတော့... မကြာခင်ဖြစ်လာတော့မှာ။ ဒီရှိုးအစီအစဉ်ပြီးသွားတာနဲ့ သူတို့အိမ်သွားပြီး AnAn တို့မောင်နှမနှစ်ယောက်နဲ့အတူတူ ထမင်းလက်ဆုံစားမယ်။ တွေ့ဖန်များတဲ့အခါကျရင် တစ်ယောက်နဲ့တစ်ယောက်က ရင်းရင်းနှီးနှီးဖြစ်သွားမှာပေါ့။"

ဟူ၍ ပြန်ဖြေနေပုံက အနာဂတ်ကိုလှမ်းမြင်နိုင်သူတစ်ယောက်နှင့် တူနေလေသည်။ 

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now