အခန်း (၁၃)

11.5K 1.4K 38
                                    

Unicode

အလုပ်ဆင်းချိန်ဖြစ်သည့်အတွက် ယာဉ်ကြောများပိတ်နေသည်က ခါတိုင်းထက် ပိုကြာနေသည်။

Huo YanXiao ပြန်ရောက်လာချိန်တွင် ညနေစာအတွက် ချက်ပြုတ်ပြင်ဆင်မှုများ ပြီးသလောက်နီးပါး ရှိပြီဖြစ်သည်။ စောစောကချက်ပြီးသားဖြစ်သည့် ဟင်းရည်ပြန်နွှေးရန်နှင့် အရွက်ကြော်ရန်သာ ကျန်တော့သည်။

ဆူညံသံအချို့ကြောင့် သူမနောက်လှည့်ကြည့်လိုက်သည့်အခါ အိမ်ထဲသို့ဝင်လာသည့် Huo YanXiao ကို တွေ့လိုက်ရသည်။ အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားပြီး မျက်ခုံးထူထူပိုင်ဆိုင်ထားသည့် သူ့ပုံစံက တည်ကြည်ခန့်ညားနေသည်။

Huo YanXiao မျက်လုံးများက Nie AnAn ၏ သေးသွယ်ဝင်းပနေသည့် မျက်နှာကို စိုက်ကြည့်နေမိသည်။ ထို့နောက် သူ၏နဂိုမူလပုံစံအတိုင်းပင် အေးတိအေးစက်ရုပ် ပြန်ဖြစ်သွားသည်။ 

"အစ်ကိုကြီး" အေပရွန်ဝတ်ဆင်ထားသည့် Nie AnAn က ကိုယ်ကိုလှည့်ကာ သူ့ကို လှမ်းခေါ်လိုက်သည်။ ထိုသို့လှည့်လိုက်သည့် တခဏချင်းတွင် နေပြန်မကောင်းသေးသည့်အပြင် သွေးအားနည်းနေသည့်အရှိန်ကြောင့် သူမ လဲကျမလို ဖြစ်သွားတော့သည်။

ထိုအခိုက်အတန့်၌ ချက်ချင်းဆိုသလိုပင် Huo YanXiao လက်ဆန့်တန်းလိုက်ကာ လှမ်းဖမ်းလိုက်သဖြင့် သူ၏ရင်ခွင်ကျယ်နှင့် သူမ ဆောင့်မိသွားသည်။ သူ၏ကိုယ်နံက ရှင်းသန့်လတ်ဆတ်ကာ ရနံ့သင်းသင်းကလေးဖြစ်နေသည်။

Nie AnAn ၏မျက်နှာက ဖျော့တော့တော့ကလေးဖြစ်နေပြီး သူမအခြေအနေက အချိန်မရွေးလဲကျတော့မည့် လူမမာတစ်ယောက်နှင့် တူနေသည်။ သူမအသံကလည်း တိုးလျညင်သာလွန်းကာ အားနည်းနေပုံရသည်။

"ကျွန်မ ခြေထောက်ခိုင်ခိုင် မရပ်လိုက်မိဘူး။ အစ်ကိုကြီး၊ လက်သွားဆေးလိုက်ဦးလေ...နော်။ ညနေစာက ခဏလောက်ဆိုရင် စားလို့ရပါပြီ။"

သူမလက်ရှိပုံစံက တော်တော်သနားစရာ ကောင်းနေသည်။ လူမမာဖြစ်နေသည့်တိုင် Huo YanXiao အတွက် ညနေစာ ပြင်ဆင်ပေးနေရသေးသည်။ ဤကဲ့သို့ တာဝန်ကျေပွန်သည့် ညီမမျိုး ကမ္ဘာပေါ်တွင် သူမကလွဲလျှင် ရှိနိုင်မည်မဟုတ်ဟု ဆိုနိုင်သည်။

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now