အခန်း (၅၂)

9.5K 1.3K 61
                                    

Unicode

ထိုအချိန်တွင် တည်းခိုခန်း'A' Ji YunChuan တစ်ယောက် ညနေစာပြင်ဆင်နေဆဲဖြစ်၍ အလုပ်ရှုပ်နေ
သည်။

ထို့ကြောင့် အခြားဧည့်သည်များမှာ ညနေစာစောင့်ရင်း ဧည့်ခန်း၌ ဂိမ်းအချို့ ကစားနေကြသည်။

ယခုတစ်ကြိမ်၌ ကစားရန်အလှည့်ကျသည့် ဂိမ်းအမျိုးအစားမှာ "သီချင်းဆက်တမ်း ကစားနည်း" ဖြစ်လေသည်။ ရှေ့မှ သီချင်းသီဆိုသူရပ်လိုက်သည့် ဗျည်းနေရာမှစ,ကာ နောက်သီချင်းတစ်ပုဒ်ကို ဆက်ဆိုရမည့် ကစားနည်းဖြစ်သည်။

ခေတ်ပေါ်တေးသီချင်းများနှင့် အလှမ်းကွာဝေးနေသည့် Huo YanXiao အတွက် ဤကစားနည်းက ဒုက္ခတစ်ခုပင်။ သို့သော်လည်း မိမိနေရာတွင်သာ ခပ်မိန့်မိန့်ထိုင်နေသည့် သူ၏အသွင်က အခန်းထဲ၌ ဂိမ်းကစားနေကြသူများနှင့်လားလားမျှ မဆိုင်သကဲ့သို့ပင် ဖြစ်နေသည်။

အစီအစဉ်တစ်ခုလုံးကို ရိုက်ကူးနေကြသည့် ကင်မရာဆရာမှာ ဧည့်ခန်းထဲသို့ Huo YanXiao ရောက်လာသည့်အချိန်မှစ၍ သူ့အား မလွတ်တမ်း ချိန်ထားတော့သည်။ ထို့ကြောင့် ဤဂိမ်းအစီအစဉ် စတင်သည့်အခါ သူ၏ လှုပ်ရှားမှုတိုင်းကို အသေးစိတ်မှတ်တမ်းတင်နိုင်ရန် သေသေချာချာ ရိုက်ပြတော့သည်။

ကစားကြရင်းနှင့် အရှိန်ကောင်းလာကြကာ Feng Wei အလှည့်ရောက်လာသည်။ ထို့ကြောင့်

"တို့နှစ်ယောက် နှုတ်ဆက်ချိန်လေး ...
မြင်ယောင်နေမိတယ်
အတိတ်ကတို့ရဲ့ အဖြစ်တွေလည်း
အိမ်မက်လိုပဲ
အချစ်နဲ့ ပေးဆပ်ချင်လည်း
နင်ယူဆောင်မသွားနိုင်တော့.."

(Lလွန်းဝါ - ဆောင်းအိမ်မက်)

ဟူ၍ ခပ်မြန်မြန်ဆိုလိုက်ကာ 'တ' နေရာတွင် ပြန်ရပ်လိုက်သည်။

Huo YanXiao မှာ သူ့ဘေးနားတွင် ထိုင်နေသူဖြစ်သည့်အတွက် ယခုတစ်ခေါက်သီဆိုရန် အလှည့်ကျသွားသည်။ သို့သော် သူ့အကြောင်းကိုကြားဖူးနားဝရှိထားသည့် ဧည့်သည်များမှာ သူအားပါဝင်ကစားစေလိုသည့်အတွက် ကစားနည်းစည်းကမ်းအချို့ကို ပြောင်းပေးလိုက်သည်။

သူ့အနေဖြင့် 'တ' နှင့်စသည့် သီချင်းဆိုစရာမလိုဘဲ 'တ' ပါသည့် သီချင်းစာသားတစ်ကြောင်းဆိုနိုင်လျှင် ရပြီဖြစ်သည်။
သို့သော်လည်း သူ့ထံမှ သီချင်းဆိုသံထွက်မလာဘဲ ကင်မရာချိန်ထားရာဆီသို့ သူလှည့်ကြည့်လိုက်ကာ

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now