အခန်း (၁၂၄)

8.1K 924 22
                                    

Unicode

Qin Hai မျက်လုံးများကလည်း ကြေကွဲဝမ်းနည်းနေသည်။ သူ့ပုံစံက မသပ်မရပ်နှင့်ဖြစ်နေကာ ၁၀ နှစ်စာလောက် အိုစာသွားသကဲ့သို့ပင် ထင်နေရသည်။ Qin ZiMing အား အဝေးမှ ကြည့်ရုံသာကြည့်ပြီး သူ့နှုတ်မှ ဘာစကားသံမှ ထွက်မလာ။

စိတ်မငြိမ်ဘဲ ဒေါသတကြီးရန်မူနေသည့် Qin ZiMing ကို ဆွဲခေါ်ထုတ်သွားကြသည်။ Qin ကတော်မှာ ခင်ပွန်းဖြစ်သူကိုကြည့်ရင်း နှုတ်ခမ်းလေးဟသွားသည်။ သို့သော် ချစ်ခြင်းမေတ္တာမပါဘဲ အိမ်ထောင်တစ်ခုကို တည်ဆောက်ခဲ့ကြသည့် ဇနီးမောင်နှံနှစ်ယောက်မှာ အတွေးကိုယ်ဆီဖြင့် နှုတ်ဆိတ်သွားကြသည်။

နာမည်ကြီးသည့် သူများနှင့်ပတ်သက်သည့် သတင်းများဆိုလျှင် အင်တာနက်ပေါ်တွင် ပွထလေ့ရှိသည့် ထုံးစံအတိုင်း Qin ZiMing တို့၏ သတင်းကလည်း ရှာဖွေမှု ထိပ်ဆုံးအဆင့်တွင် ရောက်သွားပြန်သည်။

ထို့အတူ Qin ZiMing ၏ ချစ်သူဖြစ်သည့် Li ManGe ၏ နာမည်ကလည်း မရှေးမနှောင်းမှာပင် တက်လာပြန်တော့သည်။

Li ManGe မှာ ရိုက်ကူးရေးလုပ်ရန်အတွက် ပွဲတစ်ခုသို့ရောက်နေခြင်းဖြစ်သည်။ ထိုပွဲပြီးသွားသည့်အခါ သူမ အနားသို့ သတင်းထောက်တစ်ယောက်ရောက်လာကာ လက်ထဲမှမိုက်ကို သူမ ရှေ့သို့အတင်းထိုးပေးလိုက်သည်။

" Miss Li ၊ အခုဖြစ်နေတဲ့ ကိစ္စြပဿနာတွေနဲ့ ပတ်သက်ပြီး Mr. Qin ZiMing နဲ့ အစ်မတို့နှစ်ယောက်ကြားက ဆက်ဆံရေးအခြေအနေကို ထိခိုက်မှုတွေရှိလာမယ်လို့ ထင်လား။"

မျက်နှာပေါ်၌ ကွယ်ကျနေသည့် ဆံပင်ကို Li ManGe သပ်တင်လိုက်ပြီးသည့်အခါ ဣန္ဒြရေရပြုံးရင်း

"ဟင့်အင်း။"

သူမ အဖြေကြောင့် အနည်းငယ်အံ့အားသင့်သွားသည့် သတင်းထောက်မှာ နောက်ထပ်မေးခွန်းများဆက်မေးရန် ပြင်နေဆဲမှာပင်

"ကျွန်မနဲ့ Mr. Qin နဲ့ ပြတ်သွားတာက... အင်း... နှစ်လလောက်ရှိနေပြီ။"

" Miss Li ပြောတဲ့ လမ်းခွဲလိုက်ပြီဆိုတာက အစ်မဘက်ကနေ အဆက်ဖြတ်လိုက်တာလို့ ဆိုလိုချင်တာလား။"

အခြားသတင်းထောက် တစ်ယောက်ကလည်း ဝင်ပြောလာသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အခု Mr. Qin ZiMing က ထောင်ထဲမှာ ရောက်နေတာဆိုတော့ အစ်မပြောတာကို သူ့ဘက်ကနေ ဘာမှ ပြန်ပြောနိုင်မှာမဟုတ်ဘူး။ ဒီတော့ အစ်မ နှုတ်ကထွက်လာသမျှပဲ အမှန်လို့ယူဆရတော့မှာပေါ့။"

ဗီလိန်ရဲ့ညီမ ဗီလိန္ရဲ့ညီမ ✅✅✅Where stories live. Discover now